Arc 5.9

4.3K 415 18
                                    

Unicode






xမြို့တော်ရဲ့ နှစ်ရှည်သစ်ပင်များအုံ့ဆိုင်းနေတဲ့ တောအုပ်တစ်နေရာတွင် ချင်းယွီရပ်လိုက်သည်။ထို့နောက်မဲ့ပြုံးတစ်ခုပြုံးလိုက်ပြီး အခုချိန်အထိအနောက်ကလိုက်လာသောသူတွေကိုလှည့်မကြည့်ဘဲပြောလိုက်သည်။

" ဘယ်အချိန်အထိဆက်လိုက်လာဦးမှာလဲ"

လုံးပတ်ကြီးသောသစ်ပင်နောက်ကနေ ချန်ကျင်းလန်နဲ့ ဟန်မေ့ယွင်တို့ ထွက်လာကြသည်။


" ခင်များ ကျုပ်တို့ကိုရှာတွေ့သွားပြီဘဲ "


" အဟက် ! မင်းတို့ ဒီအထိလိုက်လာနိုင်တယ်ဆိုပြီးအထင်ကြီးမနေနဲ့ ....ငါသာခွင့်မပြုရင် မင်းတို့ငါ့ကိုအရိပ်ကိုတောင်မြင်ရမှာမဟုတ်ဘူး "

ချင်းယွီက ချန်ကျင်းလန်ကိုသတိပေးဖို့သာမဟုတ်ရင် သူ့ကိုအခုလို တွေ့ခွင့်ရှိမှာမဟုတ်ချေ။ဒီနေ့မှာ ချန်ကျင်းလန်နဲ့ အပြတ်ရှင်းရမည်လို့ဆုံးဖြတ်ထားသည်။

" ခင်များ ! ဘာပဲဖြစ်ဖြစ် ခင်များကိုကျုပ်အခုဖမ်းလိုက်နိုင်ပြီ"

ချင်းယွီသည် ချန်ကျင်းလန်ရဲ့ယုံကြည်မှုလွန်မှုကြောင့် ထပ်မံရယ်လိုက်မိပြန်သည်။ဒီလောက်ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတဲ့ကောင်ကို babyက ဘာကြည့်ပြီးကြိုက်ခဲ့တာပါလိမ့် ။


" အဟက်! ဘာဖြစ်လို့ဒီလောက်သေချာနေရတာလဲ "

" ဒီနယ်မြေက ခင်များနယ်မြေမဟုတ်လို့ ခင်များကို လာကူညီမဲ့ဂိုဏ်းသားတွေမရှိဘူး ....ဒီလိုအခြေအနေမျိုးမှာ ခင်များကိုကူညီမဲ့သူမရှိရင် ခင်များကတောင်ပံကျိုးနေတဲ့ငှက်လိုမျိုးဘဲ  "


" မင်းလက်ကလွတ်ဖို့ တစ်ခြားသူရဲ့အကူအညီလိုတယ်ထင်လား ....ဒါဆိုရင်တော့ SOGအပေါ်မင်းရဲ့အမြင်ကသိပ်ကျဥ်းလွန်းတာဘဲ"

SOGဆိုတာ နိုင်ငံရေးပိုင်းမှာအာဏာရှိတဲ့သူတွေတောင် မထိရဲတဲ့ဂိုဏ်းဖြစ်သည်။ဒါကSOGရဲ့နောက်ခံအာဏာလည်းကြီးသလို SOGဂိုဏ်းသားတွေရဲ့အရည်အချင်းကြောင့်ပင်။SOGဂိုဏ်းသားတစ်ယောက်ကိုပင်ရင်ဆိုင်မလွယ်ကူသည်မို့ ထိုဂိုဏ်းသားတွေကိုလေ့ကျင့်ပေးတဲ့ ခေါင်းဆောင်ဆိုရင်တော့ ဘယ်လောက်အင်အားကြီးလည်းဆိုတာမပြောရင်တောင်သိကြသည်မို့ ချန်ကျင်းလန်က တုန်လှုပ်သွားသော်လည်း ခဏကြာသောအခါပြန်လည်တည်ငြိမ်သွားသည်။ဘာပဲဖြစ်ဖြစ်သူနဲ့မေ့ယွင်ရဲ့အရည်အချင်းကလည်းပေါ့သေးသေးမဟုတ်သည်မို့လို့ သူ့ကိုယ်သူယုံကြည်သည်။


Blue eye (system)Where stories live. Discover now