Arc 7.2

1.6K 217 14
                                    

Unicode

ညဘက်တွင် အလုပ်ကိစ္စအတွက် စဥ်းစားစရာများနေခဲ့တာကြောင့် ဒီနေ့မနက်တွင်ကျင့်ယွမ်အိပ်ယာထနောက်ကျသွားသည်။ဒါတောင်လော့လော့ကဘေးနားမှာလှုပ်စိလှုပ်စိလာလုပ်နေလို့နိုးသွားတာဖြစ်သည်။

" လော့လော့လေးဗိုက်ဆာနေပြီလား "

ကျင့်ယွမ်ကဖက်လိုက်ပြီး ဖျစ်ညစ်လုပ်ကာမေးလိုက်တော့ တအီအီလုပ်ကာ ကုတင်အောက်သို့ပြန်ဆင်းသွားကာ ရေချိုးခန်းတံခါးကိုသူ့ရဲ့လက်သေးသေးလေးတွေနဲ့ ကုတ်ခြစ်နေလေသည်။သဘောကတော့ ကျင့်ယွမ်ကို မျက်နှာသစ်ရေချိုးခိုင်းတာဖြစ်သည်။ ကျင့်ယွမ်သဘောကျစွာရယ်လိုက်ပြီး လော့လော့ကိုထပ်မံဖျစ်ညစ်လိုက်မိသည်။ ဒီလိုလိမ္မာလို့လည်းမူလယန်ကျင့်ယွမ်က လော့လော့လေးကိုအရမ်းချစ်တာဖြစ်လိမ့်မည်။

ယန်ကျင့်ယွမ်ရေချိုးပြီးတာနဲ့ စားစရာတစ်ချို့ကိုချက်ပြုတ်ကာစားလိုက်ပြီး လော့လော့လေးကိုပါကျွေးလိုက်သည်။ အမှန်တကယ်တော့ ချက်ပြုတ်ရတာကိုသူအရမ်းပျင်းပါသည်။မူလကမ္ဘာမှာရော ပုံရိပ်ယောင်ကမ္ဘာမှာရော မောင်ချက်ကျွေးတာကိုပဲအရသာတွေ့တာကြောင့် မောင်ကဘဲချက်ကျွေးခဲ့တာဖြစ်သည်။သူနည်းနည်းတော့အားတင်းထားရမည်။မောင်နဲ့တွေ့မှမောင့်ကို တစ်ဝကြီးချက်ကျွေးခိုင်းမည်။

နေ့လယ်ဘက်တွင် ညတည်းက စဥ်းစားမိထားတဲ့ projectတစ်ခုကို အသေးစိတ်ရေးနေပြီး ခနအနားယူနေချိန်တွင် ခြံရှေ့ကဘဲလ်တီးသံကိုကြားလိုက်ရသည်။ခေါင်းအနည်းငယ်မူးနှောက်နေကာ အနည်းငယ်ပင်ပန်းနေ‌တာကြောင့်ဘယ်သူလဲဆိုတာကိုကြည့်ဖို့ screenရှိရာသို့ပင် မသွားချင်တာကြောင့် တံခွန်ကိုသာမေးလိုက်သည်။

[ ဇာတ်လိုက်မပါ host ]

'အို ! သူကဘာလာလုပ်တာပါလိမ့်'


[ ကျွန်တော့်အထင်တော့ ဇာတ်လိုက်မတို့ ထုံးစံအတိုင်းhostကို ပြဿနာရှာဖို့လာတာနေမှာပေါ့ ]

ယန်ကျင့်ယွမ်ရဲ့နှုတ်ခမ်းတစ်ဖက်ဟာ ကော့ညွှတ်သွားပြီး စိတ်ဝင်စားတစ်ခုကိုတွေ့လိုက်သလိုမျိုး မျက်ဝန်းပြာလေးတစ်စုံက လက်ခနဲဖြစ်သွားသည်။ယန်ကျင့်ယွမ်က ' ဖွင့်ပေးလိုက် ' လို့ ပြောလိုက်သည်နှင့် တံခါးရဲ့အလိုအလျောက်စနစ်ကအသက်ဝင်လာကာ ဇာတ်လိုက်မကို တံခါးဖွင့်ပေးလိုက်သည်။

Blue eye (system)Where stories live. Discover now