Arc 2.2

6.4K 570 3
                                    


Unicode

ရှင်းဇီရန်ကမုရန်ကိုထမင်းကျွေးပြီးတော့ အိပ်ယာပြင်ပေးကာ အိပ်ခိုင်းလိုက်သည်။

" ကိုကို... ရန်ရန် ဆေးမသောက်ရသေးဘူးလေ "

" အော် ... အဲ့ဆေးက ကုန်နေတယ် ရန်ရန်ရဲ့ "

ရှင်းဇီရန်ကမျက်နှာတည်တည်နဲ့ဘဲလိမ်လိုက်သည်။ဒီဆေးတွေမှာ ပြဿနာရှိကြောင်းသူသိတယ်။ မူလရှင်းဇီရန်က ဒီအကြောင်းကိုနောက်ပိုင်းမှာသိပြီး အိမ်တော်ထိန်းကိုပြောပြခဲ့ပေမယ့် ဆေးပေးတဲ့ဆရာဝန်က မိသားစုဆရာဝန်ဖြစ်တာကြောင့်ရှင်းဇီရန်ပြောတာကိုမယုံပေ။

" ဒါပေမယ့် အဲ့ဆေးမသောက်ရင် ရန်ရန်ကအိပ်မပျော်ဘူး "

မုရန်ကမျက်နှာငယ်လေးနဲ့ပြောသည် ။သူလေးကိုကြည့်ရတာအိပ်မပျော်မှာကိုတကယ်ကိုကြောက်နေသည့်ပုံပင် ။

" ဒါဆို ဒီလိုလုပ်ရအောင် ... ကိုကိုကရန်ရန်အိပ်မပျော်မချင်းပုံပြင်ပြောပြမယ်လေ "

" ပုံပြင် ?? "

မယုံကြည်နိုင်စွာဖြင့်မော့ကြည့်လာတဲ့မျက်ဝန်းတွေဟာအရောင်လက်ကာ ' တကယ်ပြောတာလား' လို့မေးနေသယောင် ပင်။

ရှင်းဇီရန်က မုရန်လေးကိုပြုံးပြလိုက်ပြီး ကုတင်ပေါ်တက်ကာ မုရန်ကိုရင်ခွင်ထဲထည့်ကာစောင်ခြုံပေးလိုက်သည်။

" အင်း ! ကိုကိုငယ်ငယ်ကကြားဖူးတဲ့ပုံပြင်တွေကိုပြောပြမယ် နားထောင်မယ်မလား ?? "

" ဟုတ်ကဲ့ "

မုရန်လေးက သူ့မိဘတွေဆုံးတည်းကနီးနီးကပ်ကပ်နေကာစောင့်ရှောက်ပေးမယ့်သူမရှိပေ။ဒါကြောင့်သူပုံပြောပြတော့ပထမဆုံးတစ်ပုဒ်ပြီးတာကြောင့်မအိပ်သေးဘဲ စိတ်ဝင်တစားနားထောင်တော့သည်။

သူ့ရဲ့တေးရတုဘဝကအဘွားပြောပြတဲ့ပုံပြင်တွေကိုပြန်ပြောပြရင်းနှစ်ပုဒ်ပြီးခါနီးမှာ မုရန်လေးဟာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။

မုရန်အိပ်ပျော်ပြီဆိုတာသေချာမှ ရှင်းဇီရန်က စောင်ကိုသေချာခြုံပေးခဲ့ကာမီးပိတ်လိုက်ပြီး မုရန်သောက်နေကျဆေးကိုယူကာ ကျိုးချန်မင်ရဲ့အခန်းကိုသွားလိုက်သည်။

Blue eye (system)Where stories live. Discover now