5 ( U / Z )

34.1K 2.5K 125
                                    

For Unicode

ကျိန် စာ အ လား  ရပ် မ သွား တဲ့
ခံ စား ချက် ပေါင်း များ စွာ နဲ့
စူး ရှ တဲ့ မျက် ၀န်း တစ် စုံ
မင်း ချန် ခဲ့....။

မူ မ ပိုင် တဲ့ မျက် ၀န်း အ တွက်
ကြိတ် ပြီး ရူး ခဲ့ ရ ပေ မယ့်
နှုတ် ဆက် မယ့် ဒီ နှုတ် ခမ်းတွေ
တွေး ပူ နေ...။

ဟန် မ ဆောင် တဲ့ အ ချစ် တွေ နဲ့
ရင် ထဲ က စောင့် မျှော် ခဲ့
ဖွင့် ပြော ခဲ့ ချင် ပေ မယ့်
မ သေ ချာ တဲ့ အ ချစ် တွေ နဲ့
ပစ် သွား မ လား စိုး ရိမ် ခဲ့
မျက် ၀န်း နဲ့ ပြော နေ မိ ခဲ့.......။
                   [Lလွန်းဝါ_ အချစ်မျက်၀န်း]

.
.
.
.

နတ်ကြီးသည်ဟု သတင်းမွှေးလှပါတဲ့ ဆယ်တန်း စာမေးပွဲကြီးဟာ အချိန်ကာလ ရေယာဉ်ကြောကို တရွေ့ရွေ့တိုက်စားလျှက် သယ်ဆောင်လာပြီဖြစ်သည်။

မြဲတည်တို့ကတော့ စာမေးပွဲဖြေပြီးပြီမို့ လွတ်လပ်နေသော်လည်း မမခိုင်မှာ မအားမနေ စာကို ကျက်မှတ်နေရတာဖြစ်သည်။

ဟိုအရင်လက ရေဒီယိုကမာရွတ် သီချင်းဆိုကာ လာကြောင်တဲ့ ငနဲတစ်သိုက်ရှိခဲ့ပေမယ့် မြဲတည်ရဲ့ လောက်စာလုံးနဲ့ ခဲပျံ
အရသာတွေ မြည်းပြီးကတည်းက မလာကြတော့။

" ခိုင်....အိပ်ရေး၀၀အိပ်ရမယ်နော်။
လိုတာရှိရင် မြဲတည်ကိုသာခိုင်း...ဘာစားချင်သေးလဲ "

မေမေ့အမှာစကားတွေကိုစာအုပ်ပုံကြားခေါင်းနစ်နေသည့် မမခိုင်ကတော့ အရင်လို အပြုံးပါးပါးလေးပင်မပေးနိုင်။ ခေါင်းညိမ့်လိုက်၊ ခါလိုက် သူ့စာတွေ ပြန်ကြည့်လိုက်ဖြင့်သာ အလုပ်ရှုပ်နေတော့သည်။

ရိပ်စားမိသော မေမေက မြဲတည်ကို လက်ကုပ်ခေါ်ကာ အခန်းထဲမှ တိတ်တိတ်လေးထွက်စေသည်။

ထို့နောက် လက်ထဲသို့ ပိုက်ဆံငါးရာတန်‌ေလးရွက်ထည့်ပေးကာ

" သွား လမ်းထိပ်မှာ  အအေး၀ယ်ပြီး ရေခဲသေတ္တာ ထဲ ဖြည့်ထားလိုက်...နင့်အစ်မက ဘာမှဟုတ်တိပတ်တိစားတာမဟုတ်ဘူး"

" ဟုတ်ကဲ့ "

‌မေမေက စာမေးပွဲဖြေမည့် မမခိုင်ထက်ကိုပို၍ စိတ်လှုပ်ရှားနေဟန်ပေါက်ကာ တစ်နေ့လုံးမငြိမ်မသက်။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now