41

30.2K 2K 36
                                    

for unicode

အပြာ‌ဖျော့ရောင် မီးလေးလင်းနေသော မျက်နှာကြက်ကို ကြည့်ရင်း မြဲတည် အိပ်ပျော်ဖို့ကြိုးစားနေခြင်းတွေ ကို ရပ်တန့်လိုက်ရသည်။

သူ့ခါးကို ဖက်ထားတဲ့ ကိုကို့ လက်တွေကို အသာအယာ ဘေးပို့ပြီး တစ်ဖက်ကို ကိုယ်လေး စောင်း အိပ်ရင်း တောင်စဉ်ရေမရ အတွေးတို့သာ ခရီးရောက်လာသည်။

မှုံနံ့သာခြယ် ဟူသော အစ်မ နှင့်ပတ်သတ်ပြီး ကိုကိုက သိပ်ပြီး အရေးတယူရှင်းမပြ။ ကားပျက်လို့ လိုက်လာတာ ဖြစ်ကြောင်းပဲ ပြောတာကြောင့် မြဲတည် လဲ ဆက်မမေးဖြစ်တော့ပါ။

အိပ်တာပဲ ကောင်းမှာပါပဲ။ မဟုတ်ရင် အတွေးတွေဖိစီးကာ မြဲတည် ရင်ထဲ ပို၍သာပူလောင်လာရသည်။

နောက်ဆုံးအကြိမ်သက်ပြင်းကိုချပြီးချိန်မှာ ပါးပြင်ဆီမှ နွေးသက်သက် အနမ်းကြောင့် သူ လှိုက်ခနဲ ရင် ခုန်သွားရသည်။

ကိုကိုက မြဲတည်၏ပါးလေးကို ထိကပ်ရင်း ခါးလေးကို ဖွဖွ ဖိညှစ်လာသည်။

" အိပ်မပျော်ဘူးလား "

မြဲတည် ခနမျှ ငြိမ်သက်နေပြီးမှ ခေါင်းလေးငြိမ့်လိုက်ရင်း

" ဟုတ် "

ပါးပြင်ထက်မှ အနမ်းတို့က နေရာအနှံ့လှည့်ပတ်သွားနေကာ မြဲတည်အား ပုရွက်ဆိတ်ကောင်ငယ်လေးများ ကိုက်သလို ခံစားနေရတယ်။

"   ကိုယ်တို့ ရုပ်ရှင်တစ်ခုခုကြည့်ကြမလား "

ကိုယ်တိုင်ကလည်း မအိပ်ချင်သလို ကိုကိုကလည်း နိုးလာပြီ ဖြစ်တာကြောင့် မြဲတည် ရုပ်ရှင်ကြည့်ဖို့ သဘောတူလိုက်တယ်။

ကိုကိုက သိပ်ပြီး ရုပ်ရှင်တွေ ဇာတ်ကားတွေ ကြိုက်နှစ်သက်တတ်သူမဟုတ်သလို မြဲတည်ကလည်း အာရုံရမှ တစ်ကား နှစ်ကား ကြည့်တတ်သူမို့ ဘာကြည့်ရမှန်းမသိကြ။

ထို့ကြောင့်  ရှိသည့် တရုတ်သရဲကား ခွေကို သာ ထည့်ပြီး ကြည့်လိုက်သည်။ မှော်ဆရာနှင့် တပည့်ကျော် နှစ်ယောက်ပါသည့် အနှီ ဇာတ်လမ်းကို ခနခနကြည့်ဖူးပါသော်လည်း မြဲတည် ကတော့မရိုး။
ကိုကိုက တော့ မြဲတည်၏ပုခုံးလေးကို ဖက်ကာ အတူတူလိုက်ကြည့်ပေးနေသည်။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now