42

26.9K 1.8K 44
                                    

For Unicode

မြဲတည် အလုပ်ရပြီ!

အလုပ်နေရာက အိမ်ကနေ နှစ်လမ်းကျော် မှာ ရှိသည့် စာအုပ်ဆိုင် တစ်ခု ဖြစ်ကာ မြဲတည် အမြဲစာအုပ်ငှားရာ ဆိုင်လဲ ဖြစ်၏။

ဖြစ်ချင်တော့ စာအုပ်ဆိုင်မှာ ထိုင်ပေးသည့် ကောင်လေး က နယ်ပြန်တော့မည်မို့ ပိုင်ရှင်ဦးလေးနဲ့ စကားစပ်မိရာကနေ မြဲတည်က အလုပ်လုပ်ဖို့ဖြစ်လာသည်။

လစာက သိပ်မများသော်လည်း သူနှစ်သက်သည့် စာအုပ်တွေကြားနေရမည်ဖြစ်၍ မြဲတည်ကတော့ ပျော်နေ၏။
ကိုကိုလည်း ခွင့်ပြုတယ်ဆိုတော့ ဆိုဖွယ်ရာမရှိတော့။

ဒီနေ့ပထမဆုံး အလုပ်၀င်မည့်နေ့ဖြစ်တာကြောင့် စောစောထကာ ပြင်ဆင်နေသည့် မြဲတည်ကို ကိုကို က အိပ်ယာပေါ်မှာ လှဲလျောင်းရင်း ကြည့်နေကာ ရယ်သည်။

"  ကိုယ့်ပိတ်ရက်လေးကို တူတူမနေပေးတော့ဘူးပေါ့ "

အတော်ကြာမှ မြဲတည်၏ နဂိုဟန် လေးကို ပြန်မြင်ရတာမို့ သ၀ဏ်က ကျီစယ်တော့  သူ့နံဘေး‌အပြေးလာပြီး အနမ်းတစ်ချက်ပေးကာ နှစ်သိမ့်၏။

" နေ့လည်ကျမှ တွေ့မယ် "

" အွန်း..."

ကိုကို က မြဲတည် ကိုမကြည့်တော့။ စောင်ကို ရင်ဘတ်အထိဆွဲခြုံကာ ဆက်အိပ်မည့်ဟန်ဖြင့် တစ်ဖက်ပြန်လှည့်သွားသည်။
မြဲတည်လည်း သူ၏ပုံရိပ်ကို မှန်မှာတစ်ချက်ကြည့်ပြီးနောက် တတ်ကြွစွာပင် အလုပ်ဆီ ထွက်လာခဲ့တော့၏။
.
.
.

စာအုပ်ဆိုင်မှာ အလုပ်လုပ်ရခြင်းက ထင်တာထက်ကို အဆင်ပြေသည်။ ဆိုင်ရှင်ဦးလေးသိန်းကလည်း စာပေချစ်မြတ်နိုးသူတစ်ယောက်ဆိုတော့ စကားတိုင်းမှာ ဗဟုသုတ တွေ ပြည့်နှက်နေ၏။

အသက်ကလည်း ကြီးပြီဖြစ်သလို ‌သားသမီးကျောထောက်နောက်ခံလည်း မရှိ၍ မြဲတည်ကို ချစ်သလို အချစ်ခံရခြင်းကို နှစ်သက်သည့် မြဲတည်ဟာလည်း ထိုဦးလေးသိန်း  ကို ဆွေမျိုးရင်းချာ လို ပင် ရင်းနှီးချစ်ခင်သည်။

စာအုပ်သစ်တွေရောက်လာရင် နဂိုတာ၀န်မှာ မပါသည့် ပလက်စတစ်လောင်းတာကအစ သေသပ်အောင် နိုင်လွန်ကြိုးဖြင့်ထပ်ချုပ်တာ အဆုံး မြဲတည် က လုပ်ပေး၏။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now