For Unicode
မြဲတည် ညက လူးလူးလိမ့်လိမ့်နဲ့ ပဲ အိပ်ပျော်သွားခဲ့ပြီး မနက်အစောကို နိုးလာခဲ့သည်။
အစက ဖေဖေ့ကိုမတွေ့ရဲ၍ ထွက်ဖို့မဝံ့မရဲ ဖြစ်နေသော်လည်း ခြံထဲရှိ စံပယ်ရနံ့တို့ က ဆွဲငင်သဖြင့် မြဲတည် ခြံထဲသို့ဆင်းလာကာ ကျောက်စည်ရေပိုင်းကြီးအနားက ရေဖြန်းပုံးလေးကိုဆွဲပြီး စံပယ်တွေနဲ့ မေမေစိုက်ထားသော ရွက်လှတွေကို ရေလောင်းပေးနေလိုက်သည်။
ကားမရှိတော့၍ မမခိုင်နှင့် သူ့သူငယ်ချင်းတို့ သွားပြီဆိုတာကို သိလိုက်ရသည်။ထိုစဉ် ချောင်းဟန့်သံနဲ့အတူတူ ဖေဖေက တံဘက်တစ်ခုကို ပုခုံးတွင် တင်၍ အိမ်ထဲမှထွက်လာကာ မြဲတည်ကို တစ်ချက်ကြည့်ပြီး ဆက်မကြည့်တော့ပဲ ငိုက်စိုက် ငိုက်စိုက်နှင့် မျက်နှာသစ်ခြင်းအမှုကို ဆက်ပြုနေသည်။
" ဖေဖေ....မနက်စာ လက်ဖက်ရည်သွား၀ယ်ပေးရမလား "
" နေ "
ရေကိုထွေးရင်း ဖေဖေက ခပ်တင်းတင်းပြောသော်လည်း စကားပြန်ပြောဖော် ရသည်မို့ မြဲတည် နည်းနည်းလေးတော့ စိတ်ထဲ တင်းကြပ်နေခြင်းတွေလျော့ လာသည်။
" ထမင်းကြော်ထားတယ်....မြဲတည် ရေလောင်းပြီးရင် လာစားတော့ "
မီးဖိုခန်းလေးထဲမှ သင်းရနံ့ပျပျနဲ့အတူ မေမေက ပြတင်းတစ်ဖက်ကိုလှစ်ကာ လှမ်းခေါ်သည်မို့ မြဲတည် လုပ်လက်စရေလာင်းခြင်းကို လက်စသတ်ကာ အမြန်ပင် ပြေးသွားလိုက်သည်။
အရင်က ဤအဖြစ်အပျက်လေးတွေက ပုံမှန်ပေသိ မရတာကြာပြီဖြစ်တဲ့ စကားသံလေးတွေမို့ ရင်ထဲမှာ တစ်မျိုးလေးခံစားလို့ကောင်းနေတယ်ပြောရမယ်။
" ဖေဖေ့အတွက် ပြင်ပေးရဦးမလား မေမေ"
" ရတယ်...သူလမ်းလျှောက်ဦးမှာ ။ သား သာ စား"
နနွင်းပျပျရောထားတဲ့ ထမင်းဝါကြော်နဲ့ ငရုတ်သီးထောင်းတစ်ခွက်ကို ရေနွေးပူပူနဲ့ တွဲသောက်ပြီးမှာ သူ့၀မ်းတွင်းကတော့ အတော်လေးငြိမ်သွားတယ်။
သို့သော် ခနမျှ အတွေးလေးတိတ်ဆိတ်သွားရုံနဲ့ ရင်ထဲက ဟာလာကာ လွမ်းဆွတ်စိတ်နဲ့အတူ တမင်မေ့ထားတဲ့ အဖြစ်အပျက်က သူ့ကိုနာနာကျင်ကျင် ထိုးနှက် လာတယ်။
![](https://img.wattpad.com/cover/302059855-288-k168750.jpg)