45

28.1K 1.8K 56
                                    

For Unicode

ကိုကို က မြဲတည် ၏ လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားကာလွှတ်မပေး။ မျက်နှာကလည်း အလိုမကျဟန် တင်းနေသေးသည်။သို့သော် ကိုကို့ထက် မျက်နှာကြောပိုတင်းနေသူ မမခိုင် ရှိနေပြီး မြဲတည်ကို ပါ စိတ်မရှည်ချင်ဟန်ကြည့်နေလေ၏။

" သွားမယ် မြဲတည်။ ကားလွတ်သွားရင် မလွယ်ဘူးမှတ် "

မြဲတည် တစ်နေ့လုံး ကိုကို့ အနားမှာပဲ ကပ်နေရပြီး ညနေကျတော့ မမခိုင်က စစ်ကိုင်းပြန်လိုက်ဖို့ လာခေါ်သည်။

" မနက်က ငါနဲ့လိုက်လာပြီး အပြန်မှ နင်ပါမလာရင် ငါဘယ်လိုပြောရမှာလဲ။ ဖေဖေ့ဒေါသနင်သိတယ်နော် မြဲတည်။ "

မမခိုင်က ဤသို့သာဆိုသည်။
ကိုကိုကတော့ အဆင်ပြေသွားစမို့ ပြန်မလွှတ်ပေး မလိုက်ရ ဘူးပြောသော်လည်း မမခိုင်ပြန်ပြောသည်ကလည်း တရားကျသည်မို့ မြဲတည် ငြင်း၍မဖြစ်။

အိမ်ပေါ်ကဆင်းလာတာ တစ်ပါတ်မပြည့်သေးပဲ မနေ့တစ်နေ့ကအထိအိမ်ရောက်လာတဲ့ ကိုကို့ကို မတွေ့ချင်ပါဘူး ခါးခါးသီးသီး ပြုမူထားတဲ့သူက အခုလို ပြန်အဆင်ပြေပြီး နေခဲ့တာ သိရင်
အလံဖြူပြစပြုနေတဲ့ ဖေဖေ နဲ့ သူ့ ကြားဆက်ဆံရေးမှာ ပိုခက်ခဲသွားပေဦးမည်။

" ကျွန်တော် ပြန်လိုက်သွားဦးမယ်နော် ကိုကို။ ကိုကိုလဲ ဂျူတီ ၀င်ရဦးမှာကို "

" မဟုတ်သေးပါဘူးကွာ "

ကိုကို က မကျေလည်ဖြစ်နေတုန်း မြဲတည်က ကိုကို့လက်လေးကို ကိုင်ကာ ကော်ရစ်ဒါ ထောင့်ချိုးလေးဆီ ဆွဲခေါ်သွားလိုက်သည်။ထို့နောက် လက်ကလေးကို ဆွဲယမ်းရင်း

"  ဖေဖေက ကျွန်တော့်ကို ပြန်စကားပြောစ ပြုနေတာကို ကိုကိုကလဲဗျာ။ ပြီးတော့ မနေ့ရန်ဖြစ် ဒီနေ့ တည့် သွားတယ် ဆိုရင်လဲ ရှက်စရာကြီး "

မချွဲတတ်သည့် ကလေးတွေ ချွဲရင် ချစ်ဖို့ပိုကောင်းသည်လားမသိပါ။ သူ့လက်ကို ကိုင်လိုက် ပုခုံးစွန်းလေးကို ခေါင်းဖြင့် တိုးလိုက်ဖြင့် ပြောနေသော မြဲတည်က သစ်စေ့သီးလေးလိုချင်လို့ တောင်းဆိုနေတဲ့ ရှဉ့်ပေါက်လေးလိုပဲ ခံစားရတယ်။
အဲ့တာက တကယ်ကို ချစ်ဖို့ကောင်းလွန်းလို့ သ၀ဏ် ဒီကောင်လေးကို ဘယ်နည်းနဲ့မှ ကို ပြန်မလွှတ်ချင်။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now