49

32.1K 2K 52
                                    

For Unicode

နွေကူးလာပြီမို့ ဥတုရာသီက အနည်းငယ်အိုက်စပ်စပ်ဖြစ်လာသည်။
ကိုကိုကတော့ ဆေးရုံနှင့်အိမ်ကိုသာ နေ့စဥ်ဖြတ်သန်းနေရပြီး အနားယူချိန်ပင် သိပ်မရှိ။

မြဲတည်ကတော့ စာအုပ်ဆိုင်မှာပဲ အချိန်ပြည့်နေဖြစ်ကာ ကိုကိုပြန်လာမှပဲ အိမ်ပြန်ကပ်တော့တာဖြစ်သည်။

တစ်ခါတစ်ရံ မချွဲတတ်သော မြဲတည်က ကိုကို ပင်ပန်းနေတာမြင်ရင် အဘယ်သို့သော ‌ရင်အေးစေသည့် အပြုအမူလေးများကိုမှ မလုပ်တတ်၊ မလုပ်ရဲ။

ထို့ကြောင့် ကိုကို သည် သူ့ထက်ပို တာ၀န်ကျေပွန်နိုင်သော တစ်စုံတစ်ဦးနဲ့ ဆုံခဲ့ဖို့ ကောင်းမည် လို့ တွေးမိတာလည်း ရှိသည်။

" ဟိတ် "

မီးဖိုခန်း ထဲတွင် တစ်ယောက်ထဲ ညနေခင်းဈေးဘက်မှ ၀ယ်လာတဲ့ အထုတ်အပိုးတွေကို နေရာချ‌နေတုန်း ပါးလေးကို ခပ်ဆဆ ထိတွေ့ခံလိုက်ရမှုနှင့်အတူတူ ကိုကိုက နောက်ကနေ သိုင်းဖက်လာတယ်။
ခပ်မွှေးမွှေးကိုယ်သင်းနံ့မှာ ညနေအထိ သင်းနေကာ ဒီရင်ခွင်ဟာ မြဲတည် အတွက် ရုန်းထွက်ဖို့ ခက်လှပါ၏။

" ပဲဟင်းချို ချက်မလို့ ၀ယ်လာတယ်  "

" တကယ် "

" အင်း "

" ထားလိုက်ပါကွာ။ ကောင်လေးတစ်ယောက် မချက်လဲ မချက်တတ်ပါပဲနဲ့ "

" မေမေ သင်ပေးလိုက်တယ် ကိုကိုရ "

မြဲတည် တံတောင်လေးနဲ့ ကိုကို့ အား အသာတွက် လိုက်ပြီး ရေခဲ သေတ္တာဆီ အရွက်တွေထည့်ဖို့ သွားတော့ ကိုကိုက ထိုအတိုင်း နောက်က လိုက်လာသည်။

" ခိုင် ဒီေန့တော့  ကိုကိုတို့ အပြင်သွားပြီး ညစာ စားကြမလား "

မြဲတည် မျက်ခုံးလေးပင့်ကာ ကိုကို့ကို ကြည့်လိုက်သည်။ အတူတူနေလာပြီး အချိန်တစ်ခုမှာ မြဲတည် ဟာ အလုံးစုံမဟုတ်သော်လည်း ကိုကို့ရဲ့ တစ်ချို့တစ်၀က်ကိုတော့ နားလည်စပြုနေပြီ။ ဒါကိုကို တစ်ခုခု ပြောစရာရှိနေသည့် သဘောပါပဲ။

"  ဒါဆို ရေချိုးလိုက်ဦး‌မယ်လေ ။ ကိုကိုလဲ ချိုး ရမှာပဲ ကို သွားချိုးတော့ "

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now