For Unicode
" မြဲတည် မြန်မြန် ယူခဲ့ကွာ "
ခေါက်ဆွဲကြော်ထည့်ထားသည့် ဖော့ဗူးကြီးကို ထမင်းအုပ်ထဲ ပြောင်းထည့်နေသော မြဲတည်သည် ထိုလောဆော်စကားကြောင့် အေးပါဟ ဟုအော်ရင်း အမြန်မှောက်ထည့်လိုက်ရ၍ ကြက်သားဖက်နဲ့ ဂေါ်ဖီတစ်ချို့ စားပွဲပေါ် ဖိတ်ကျကုန်သည်။
မဖိတ်ပဲလာသော သိန်းတန်နှင့် ဒေဝါအောင်က ဧည့်ခန်းရှိဆိုဖာထက်တွင် အိပ်သူ အိပ် မှောက်သူမှောက် နှင့် အတော်လေး အမြင်ကပ်စရာကောင်းနေလေ၏။
" အပြန်ကျရင် ငါ မုန့်လေးနည်းနည်၀ယ်ထည့်ပေးလိုက်မယ် မေမေ့ကိုပေးပေးဦး "
" အေးပါ....ပြင်ပြီးပလား "
" လာခဲ့ မြိုမယ် "
နှစ်ကောင်သား ထိုစကားကြားမှ အမြီးနှံ့နှံ့နဲ့ ခွေးပေါက်လေးတွေလို ထမင်းစားခန်းဆီသို့ ပြေးလာကြသည်။
မြဲတည်က ခေါက်ဆွဲထည့်ထားသော ထမင်းအုပ်ကို အလယ် မှာ ချထားကာ ထမင်းဖြူနှင့် ဟင်းရည်သောက်ပန်းကန်ကို ပြင်ပေးထားသည်။
ထို့နောက် နီရဲပြီး စားချင့်စဖွယ် ပုဇွန်ထုပ် ကြီးများကြော်ထားသော ပန်းကန်ကိုပါ ချပေးထားသေး၏။" ကော် တာပဲ "
" မင်း ကိုကို က နေ့လည်ထမင်းစား ပြန်မလာဘူးလား "
မြဲတည် ဟင်းရည်ကို ငုံ့သောက်နေရာကနေ သီးတော့မလို ဖြစ်သွားကာ သိန်းတန်အား လှမ်းကန်လိုက်သည်။
အစက လျို့ဝှက်ထားသော်လည်း ဆက်သ၀ဏ် က အဆောင်နှုတ်ဆက်ပွဲပြီး နောက်မနက်အစောကြီး ရောက်ချလာပြီး အရက်လေးတစ်ငုံလောက်သောက်ပြီး မရူနိုင်မကယ်နိုင် ဖြစ်နေတဲ့ မြဲတည်ကို လာ ပွေ့ သွား သည့်နောက် တော့ ဆက်ညာ၍ မရတော့။
သို့သော် သူကြောက်နေတာနှင့် ဆန့်ကျင်စွာ သူ၏သူငယ်ချင်းသုံးယောက်လုံးက အလွယ်တကူပင်လက်ခံပေးခဲ့ကြသည်မို့ ကံကောင်းသည်ပဲ ပြောရမည်ဖြစ်၏။
" ပုဇွန်က မင်းကြော်ထားတာလား "
" မဟုတ်ဘူး..ကို ဆက်သ၀ဏ် "
