38

48.2K 2.7K 84
                                    

For Unicode

နံဘေးကမှ သိမ့်ကနဲ လှုပ်ရှားသွားမှုနဲ့အတူ အသံတုန်ခါလာသော ဖုန်းကို ကောက်ကိုင်ကာ ကိုကို ကုတင်ပေါ်မှ ဆင်းသွားတာကို မြဲတည် သိလိုက်သည်။

၀ရန်တာဘက်ထွက်ပြော၍ သိပ်မကြားရသော်လည်း ကျောင်းမှ သူငယ်ချင်းတစ်ယောက်ဆီကဆက်ဟန်ရှိသည်။

ခနအကြာ ဖုန်းပြောပြီး ပြန်၀င်လာသော သ၀ဏ်က ခေါင်းအုံးလေးပိုက်ကာ ထိုင်နေသော မြဲတည်ကို မြင်တော့ ပြုံးလျှက် အနားသို့လျှောက်လာ၏။

" နိုးနေပြီလား "

" ကိုကို ကျွန်တော်တို့ ပြန်ကြရအောင် "

" ဘာဖြစ်လို့လဲ...မပျော်တော့လို့လား ဟွန်"

ကလေးတွေချော့မြူသလို သူ့လိုလေသံအေးလေးဖြင့် ချော့ကာ ရင်ခွင်ထဲဆွဲဖက်ဖို့ လုပ်လာတော့ မြဲတည် ကိုယ်လေးကိုယိမ်းကာပင်နောက်ဆုတ်လိုက်ရင်း ချောမွေ့သော သ၀ဏ့်မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်မိုး ကာကိုင်လိုက်သည်။

" ပြဿနာက ရှောင်ပြေးနေလို့မှ မရတာ။
ပြန်ကြစို့နော် "

"  ကိုယ် မပြန်ချင်သေးဘူး။ မင်းအိမ်က ထပ်ပြီး ကိုယ့်ဆီကနေ မင်းကို ခေါ်ထုတ်သွားရင်..."

"  ကျွန်တော် ကိုကို့ဆီ ပြန်ပြေးလာခဲ့မှာပေါ့"

ကျေနပ်ဖွယ်အဖြေစကားကြောင့် ဆက်သ၀ဏ်၏ လေးနက်နက်မျက်နှာထားမှာ အပြုံးရိပ်လေး ရေးရေးထင် လာသည်။

" ဒါဆို မနက်ဖြန်ကျ ကိုယ်ပြန်ဖို့စီစဉ်လိုက်မယ်။မေမေတို့ကလည်း လာဖို့စောင့်နေကြတယ် "

ထူးဆန်းစွာပဲ ကိုကို့ မိဘတွေက သူတို့နှစ်ဦးကြား ဆက်ဆံရေးကို သဘောတူကြသတဲ့။ မြဲတည်မှာ ခါးခါးသီးသီး ဖြစ်လိမ့်မည်ထင်ထားရာမှ ဒီလို လိုလိုလားလား ရှိလှတော့ အားနာသလိုလိုတောင်ခံစားမိနေရတာဖြစ်၏။

မြဲတည်တို့အိမ်ကအခြေအနေကိုတော့ ကိုကိုကသိလောက်ဟန်တူသော်လည်း တစ်လုံးတစ်ပါဒမှမပြော။ ဖေဖေ့စိတ်နဲ့စည်းကမ်းကိုသိတာကြောင့် အဆိုးဆုံးအခြေအနေကိုသာ မြဲတည် တွက်ဆ ထားပါ၏။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now