48

33.4K 2K 38
                                    

For Unicode

"မြဲတည် က ငယ်ငယ်က အလွန်ဆော့တဲ့ကလေး "

မြေပဲလှော်ပန်းကန်လေးယူအလာမှာ ကြားလိုက်ရသည့်စကားကြောင့် မြဲတည် ရယ်မိသွားသည်။

ကိုကို သည် ဝေးလံခေါင်ဖျားသော နယ်အရပ်တွေဆီ ဆေးပညာနဲ့ပတ်သတ်တဲ့အသိပညာပေး ဟောပြောပွဲ တွေ လုပ်ဖို့ ဆေးရုံမှ အဖွဲ့ နဲ့အတူ မနက်ဖြန်ဆိုလျှင် သွားတော့မှာ ဖြစ်တယ်။

ထို့ကြောင့် မြဲတည်ကို တစ်ယောက်တည်း ဖြစ်နေမည် စိုးတာကြောင့် အိမ်ပြန်လိုက်ပို့ရင်း မေမေနဲ့ စကားကောင်းနေတာဖြစ်၏။

" ကိုကို မိုးချုပ်မယ် ပြန်တော့လေ "

ကိုကို့မျက်နှာက ခပ်ပြုံးပြုံးဖြင့် မြဲတည် ၏ လက်မောင်းလေးကို ‌ဆွဲကာ သူ့ဘေးနား ထိုင်စေသည်။

" နေပါဦး နားထောင်ချင်သေးလို့ "

မေမေ့ရှေ့မှာကို အတင်း နူးညံ့ချိုသာ နေသည့် ကိုကို က တဖြည်းဖြည်းအမှတ်ပြည့်တွေ ရလာတာလဲ အဆန်းတော့ မဟုတ်ချေ။

မြဲတည်၏ ငယ်ငယ်က ဗရုတ်ကျလေးပုံလေးများကို ကြားတိုင်း ကိုကိုက ပုခုံးများတုန်သည်အထိရယ်ကာ မြဲတည်ကို လည်း အသည်းယားဟန် လာလာကြည့်သေး၏။

"  ဒီနေ့ဆေးရုံမှာအိပ်ရမှာမဟုတ်လား သွားတော့ မိုးချုပ်မယ်လို့ "
နောက်တစ်ခေါက် မြဲတည်ထပ်၀င်ပြောလိုက်တော့မှ မေမေပါလှုပ်လှုပ်ရှားရှားဖြစ်လာသည်။

" အေးအေး ပြန်လာမှ ထပ်ပြောမယ်။ ကားကိုသတိထားမောင်းနော် သား "

ဖေဖေက အပြင်သွား၍ ပြန်မလာသေးတာမို့ ကိုကိုက မေမေ့ကို ကန်တော့သဖြင့် မြဲတည်ပါ လိုက်ကန်တော့ ရသေးသည်။

ထို့နောက် ကိုကို့အား ကားဆီ ပြန်လိုက်ပို့တော့ ဆွဲဖက်ထားသည့် မြဲတည်၏ ခါးလေးကို လွှတ်မပေး။

ဖွင့်လျှက်သား ကားတံခါးကို လျစ်လျူရှုလျှက် ကားပေါ်မတတ်သေးပဲ မြဲတည်၏ ဖြူဖောင်းဖောင်းပါးလေးများကိုသာ အနမ်းခြွေနေသည်။

"  လမ်းမှာလဲ အားကြီး နမ်းပြီးပြီ။ ကိုကိုနမ်းလွန်းလို့ ကျွန်တော့်ပါးတွေ ဖောင်းလာတာ "

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now