For Unicode
" ခိုင်မြဲသစ္စာ"
ဆေးရုံကအပြန် သူငယ်ချင်းနဲ့ အတူ သီချင်းခွေ၀င်ရွေးနေတုန်း ကြားလိုက်ရသည့်ခေါ်သံကြောင့် ခိုင် လက်ထဲက ခွေခြင်းလေးကို ချကာ ဘေးကို ကြည့်လိုက်မိသည်။
" ဟုတ်မှဟုတ်ပါ့မလားလို့ "
မှုံနံ့သာခြယ် က အနက်ရောကျောပိုးအိတ်တစ်လုံးကို တစ်ဖက်ပဲလွယ်ကာ ခပ်မြူးမြူးဆိုလာတော့ ခိုင် မျက်ခုံးတန်းလေးတွေ စုကာ ကြုံ့သွားသည်။
ဒီမိန်းမ ဟာ ဘယ်လိုလဲ။ သူနှင့်ခိုင် ဆိုတာ ပြုံးပြနှုတ်ဆက်အသိအဆင့်ပင်ရှိတာမဟုတ်တဲ့ဟာ။
" ဟိုနေ့က သ၀ဏ့်အိမ်ရောက်တော့ ယူ့မောင်လေးနဲ့တောင် တွေ့ခဲ့သေးတယ်။ ချစ်စရာလေး"
ပြောလဲ ပြော ခိုင်ရွေးနေသည့် ခွေခြင်းလေးကို ဆွဲယူကာ သူမ၏လက်ချောင်းရှည်တွေနဲ့ ထိုဖွကစားနေသည်။
" အခု အဓိက က ငါနဲ့ ဘာပြောချင်တာလဲ မှုံနံ့သာခြယ် "
" ရော တစ်ကျောင်းတည်းသားချင်းတွေ နှုတ်ဆက်တာတောင် မရဘူးလား "
" ဒါဆိုလဲ နှုတ်ဆက်ပြီးပြီမလား ။ အော် ပြောရဦးမယ် ဆက်သ၀ဏ်က လူလွတ်မဟုတ်တော့ဘူးနော်။ သိရင်လဲ နည်းနည်းပါးပါး အနေအထိုင်ဆင်ခြင်ဦး...ငါ့မောင်ကတော့ အေးရင်အေးလိမ့်မယ်..အေး ငါ့ရှေ့ကိုတော့ ကရိကထိ လာမလုပ်နဲ့...ခိုင်မြဲသစ္စာက အားမနာတတ်ဘူး "
ခိုင်စိတ်ဆိုးဆိုးနဲ့ ၀ယ်ရန်ပြင်ထားသော အဲလက်စ်၏ခွေကိုပါ မယူတော့ပဲ ဆိုင်ထဲက ထွက်လာခဲ့လိုက်သည်။
မှုံနံ့သာခြယ်ကတော့ နှုတ်ခမ်းလေးကိုခပ်တွန့်တွန့်ပြုံးကာ ကျန်နေခဲ့ ရင်း ခိုင်မြဲသစ္စာ ချသွားသော ခွေခြင်းလေးကို ကောက်ကိုင်လိုက်၏။
" တို့ ကတော့ ခက်လေ ကြိုက်လေပဲ "
" ဟေ ဘာလဲ ကလေးမ "
ခွေဆိုင်ဦးလေးကြီးက မကြားသဖြင့် သူ့ကိုပြောသည်ထင်ကာ ကောင်တာတွင်ထိုင်နေရာမှ ထရပ်လျှက် မေးသည်။
နှင်းဆီရနံ့သင်းသော ကောင်မလေးကတော့ ပြုံး၍သာနေပါတော့၏။