For Unicode
ဦးနှောက်၏ အလုပ်လုပ်မှု ခေတ္တမျှ ရပ်တန့်သွားသလို ကြောင်အ နေသော မြဲတည် သည် ကိုကြီးမိုးရိပ်ကို ပင်မကြည့်နိုင်ပဲ ဆက်သ၀ဏ်ရှိရာဘက်ကို ကိုယ်ကိုလှည့်ကာ ခေါင်းကိုငုံ့ထားမိသည်။
" ခိုင်မြဲတည်ကြည် သူဘာတွေပြောနေတာလည်း"
ကိုကြီးမိုးရိပ်၏အသံက ဒေါသတွေအဖျားစွက်ကာ တုန်ရီနေကာ ကြောက်စရာကောင်းသည်ဟု မြဲတည်ပထမဆုံးအကြိမ်တွေးမိသွား၏။
သူဤအခြေအနေကို လည်း ကြောက်ရွံ့ကာ ကိုကြီးမိုးရိပ်၏အခုလိုပုံစံနှင့်လည်း ရင်မဆိုင်ချင်။
ဆက်သ၀ဏ်ကတော့ မြဲတည် လက်ကလေးကို ဖိကာ ကိုင်ရင်းကနေ" သူကြောက်နေပြီ တော်တော့ "
ဘာအခွင့်နဲ့ ဟူသော မေးခွန်းထပ်မကြားရတော့ပဲ တောက်ခေါက်သံ ပြင်းပြင်းက ကျယ်လောင်စွာထွက်လာသည်။ မြဲတည် မဝံ့မရဲ ခိုးကြည့်လိုက်တော့ ကိုကြီးမိုးရိပ်၏ အခိုးတဝေဝေ မျက်၀န်းရဲတို့က သူ့အား စိုက်ကြည့်လျှက် ရှိနေသည်။
" သွားမယ် "
မြဲတည်ကို လက်ဆွဲလျှက် ခေါ်မည်ပြုသော်လည်း လက်ဖက်ရည်ဆိုင်အနီး လူသွားလူလာလည်း တွေ့နေရတာကြောင့် လက်ကို ရုန်းလိုက်မိကာ နောက်နားလေးကနေပဲ သူ ကပ်ရပ်လေး လိုက်သွားဖို့ပြင်လိုက်သည်။
နောက်မှာ ကျန်နေခဲ့သော ကိုကြီးမိုးရိပ်ကိုတော့ သူစိတ်အေးသွားလောက်တဲ့ တစ်နေ့မှ တမင်သိုဝှက်ထားခဲ့တာမဟုတ်သည့်အကြောင်းတွေပြောရင်း ဒေါသဖြေလျှော့စေတော့မည်ပဲ တွေးထားလိုက်၏။
ပြီးတော့ သူ ဒီလူနဲ့လည်း စာရင်းရှင်းရဦးမည်။
.
.
." ဘာလို့အဲ့လိုကြီး ပြောလိုက်တာလည်း"
ဆက်သ၀ဏ်က ဘာမှမပြောပဲ မြဲတည်ကို ခပ်ငြိမ်ငြိမ်ပဲ စိုက်ကြည့်သည်။ ထိုပုံစံကြောင့်ပင် ပို၍ စိတ်တိုလာရကာ မြဲတည် မျက်ရည်ကြည်လေးများ ရစ်သိုင်းလာ၏။
လက်သီးဖျားလေးများဆုပ်ကာ နှာဖျားလေး ရှုံ့ပွရင်း ရဲတတ်လာမှုကို သ၀ဏ်က အဏုလုံပဋိလုံ ရှုစားရင်း ပါးလေးကို မနေနိုင်စွာ ဆွဲဖွမိသည်။
