19

29.2K 2.1K 28
                                    

For Unicode

တရုတ်စကားပင်များလှိုင်လှိုင်ပေါက်သော စစ်ကိုင်းတောင်ရိုးတစ်လျှောက် သည် အစိမ်းတစ်ရစ် အဖြူတစ်သွယ်ဖြင့် လှပလွန်းနေကာ မြင်ရသူကို စိတ်ကြည်နူးအေးချမ်းစေသည်။

မြဲတည်သည် မျက်နှာချင်းဆိုင်ကမြင်နေရတဲ့ တောင်တန်းအလှကို ကြည့်နေရင်း ကင်မရာတစ်လုံးလောက်ပြင်းပြင်းပြပြကို လိုချင်လာသည်။ သူက သဘာ၀ရှုခင်းတွေကိုနှစ်သက်တာမို့ သိမ်းထားချင်သည့် မြင်ကွင်းတစ်ချို့ကိုဆို ဓာတ်ပုံလေးရိုက်ကာ သိမ်းထားချင်သည်။

" ဇေယျာကမ်းကအဆွေးမင်းသားလေး လာမယ် လာမယ် "

အနောက်ဘက်မှ ခေါ်သံကြောင့် မြဲတည် ခေါင်းလေးစောင်းကြည့်ကာ သူ၏ လွယ်အိတ်လေးကို ကောက်ယူပြီး ထရပ်လိုက်သည်။

သိန်းတန်အပြင် တက္ကသိုလ်ပထမနှစ်မှာ လင်းလက်နဲ့ ဒေဝါအောင် ဟူသော သူငယ်ချင်းနှစ်ယောက်ကို မြဲတည် ဆုံခဲ့ရသည်။
သူတို့အကုန်လုံး မြန်မာစာမေဂျာ ကျောင်းသားများဖြစ်ကြကာ ယနေ့အတန်းစောသည်နှင့် စစ်ကိုင်းတောင်ပေါ် တတ်လာကြခြင်းဖြစ်၏။

" ၀ယ်ခဲ့ပြီလား မင်းတို့ စပါကလင်က "

ဒေဝါအောင်က ခြေ‌ေထောက်အောက်မှ ကြွေပြားတွေကို အရောက်တူတစ်ကွက်ခြင်း နင်းလျှောက်နေရင်းကနေ လက်ခါပြသည်။

" ဟိုက စပါကလင်ကို ပုလင်းလိုက်မရဘူး ခွက်နဲ့ထည့်သောက်မှရတယ်ဆိုလို့တဲ့။ မောင်မင်းကြီးသား လင်းလက်က မသောက်ခဲ့ဘူး "

" ဟ ငါက ရှုခင်းလေးကြည့် ။ စပါကလင်လေးသောက် နားချင်တာလေ။ သူ့ငါးကြင်းခွက်ကြီးနဲ့က ကဗျာမှမဆန်တာ "

မြဲတည်ရယ်ပြီး သိန်းတန်၏ပုခုံးကို ဖက်လိုက်သည်။
‌ညနေကလည်း စောင်းပြီမို့ ပြန်သင့်သည့်အချိန် တော့ရောက်ပြီ ဖြစ်တာကြောင့်

" ပြန်စို့လေ ။ သိန်းတန် ညကျ မနေ့က မင်းငှားသွားတဲ့ ၀တ္တုပြန်လာပေးဦး "

အခုချိန်ထိစကားတစ်လုံးမှ မပြောသေးသော သိန်းတန်က ၀င်ကာ အံကြိတ်သံဖြင့်

" အမလေးဟ မသိရင် မင့်စာအုပ် မပေးပဲ ငါကပုဂံပြန်တော့မယ့်အတိုင်းပဲ။ ပေးမယ် ပေးမယ် "

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now