Extra

28K 1.7K 180
                                    

For Unicode

" ကိုကို ခေါင်းကိုက်တာ သက်သာပြီလား "

ကျောင်းသွားဖို့  အသင့်ဖြစ်နေတဲ့ ကိုကိုက မြဲတည် အနားရောက်လာကာ နားထင်လေးကို တစ်ချက်နမ်းရင်း မှ အင်း လို့ ဖြေ၏။

မြဲတည်တို့ မန္တလေးအိမ်ကို ပြန်ရောက်နေတာ တစ်နှစ် လောက်ရှိပြီ။ ကိုကိုဘွဲ့လွန်တတ်ဖို့အတွက်လဲ ပါပေမယ့် မိဘတွေအတွက်က အဓိက ဖြစ်သည်။

မမခိုင်ကလဲ တောင်ကြီးဘက် တာ၀န်ကျသွားတာမို့ မေမေတို့ အနားရှိနေမပေးနိုင်တော့။ ကိုကို့မိဘတွေလဲ ပြောသာမပြောပေသိ သူတို့နှစ်ယောက်ကို နီးနီးနားနားရှိစေ နေစေချင်သည်။

ဒီကြားထဲ ကိုကို စာမေးပွဲဖြေတာတွေနဲ့ ဘွဲ့လွန်တတ်ဖို့ လုံးပန်းနေတာနဲ့ ပင်ပန်းတာတွေမြင်ရတော့ မြဲတည်မှာ ရင်ထဲ မကောင်းလှ။

ကိုကို့စာတွေဆိုလဲ ကူကျက်၊ ကူကြည့်ပေးဖို့ မပြောနဲ့ မြင်လိုက်ရင်တောင် ဘာမှန်းမသိတာကများနေသည်။

"  ကိုကို သွားမယ်နော် "

ပါးပေါ်ကျရောက်လာတဲ့ အနမ်းနွေးနွေးကတော့ မနက်ခင်းတိုင်း တာ၀န်မပျက်။ ကိုကို့ ကားလေးထွက်သွားမှ မြဲတည်လဲ ဦးလေးသိန်းဆီ သွားဖို့ ပြင်ရသည်။

ဦးလေးသိန်းက စာအုပ်ဆိုင်ပိတ်ကာ အနားယူဖို့ လုပ်နေတာဖြစ်သည်။ မြဲတည်က စာအုပ်ဆိုင်ကို မပိတ်စေချင်။ ထို့ကြောင့် ကိုကို နဲ့ တိုင်ပင်ပြီး ဆိုင်ကို လက်လွှဲဖွင့် ဖို့ လုပ်နေတာ ဖြစ်၏။

မြဲတည် သဘောမှာက စာအုပ်အငှားဆိုင်လဲ ဆက်ဖွင့်မည် ။ တစ်ဖက်ကနေ စာရေးကရိယာ ဆိုင်လဲ တွဲဖွင့်မည် တွေးတာဖြစ်၏။

ကိုကို ကတော့ သူလုပ်ချင်တာမှန်သမျှ ကို ထောက်ခံပေးကာ အကြံတစ်ချို့လဲ ပေးသည်။
ဒီတော့  မြဲတည်စိတ်ကူးလေး အကောင်အထည်ပေါ်လာရသည်ပြောရမည်။

ဦးလေးသိန်းနဲ့ စကားကောင်းနေတုန်း ဖုန်းလာ၍ ကိုင်လိုက်တော့ မမခိုင် ဆီ က ဖြစ်နေသည်။

" ဟုတ် မမခိုင် ပြော "

" မြဲတည် ငါလက်ထပ်တော့မယ် "

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now