Extra pt 2

7.6K 1K 136
                                    

For Unicode

ရွှေအိုရောင်ပေါ်တွင် စိန်ပွင့်လေးများစီကပ်ထားသော မြန်မာ၀တ်စုံလေးဖြင့် မမခိုင်အလှက မျက်စိလွှဲဖယ်၍ မနေနိုင်အောင်ရှိလှသည်။

ခပ်မြင့်မြင့်ထုံးထားသော ဆံထုံးတွင် သဇင်ပန်းလေးများဝေနေအောင်ပန်ထားပြီး ကျော့ရှင်းသော လည်တိုင်၏အလှမှာ စိန်လည်တုံလေးတစ်ခုဖြင့် အနားကွပ်ထားလျှက် မမခိုင်အလှမှာ မြင်လိုက်သူတိုင်း မချီးမွန်းပဲ မနေနိုင်၊ ထပ်မကြည့်ပဲ မနေနိုင်လောက်အောင်ကို လှပတင့်တယ်နေ၏။

မေမေတို့ ကိုးကွယ်သည့် ဘုန်းဘုန်းကျောင်းမှာပဲ  မင်္ဂလာဆွမ်း‌ေကျွးပြုသည်မို့  ရင်းနှီးသည့်လူတစ်ချို့ကိုသာ ဖိတ်ကြားထားပြီး ကျန်တာကတော့ ရပ်ဆွေရပ်မျိုးတစ်ချို့ပင် ။

ကိုလင်းမောင်၏ ဇာတိ မှာ နောက်ထပ် မင်္ဂလာဆွမ်းကျွေး လုပ်ဦးမည်မို့ သတို့သားဘက်မှာ မိဘနှစ်ပါးနှင့် ဆွေမျိုးရင်းတစ်ချို့ကလွဲရင် မလာကြသဖြင့်  ပို၍ တာ၀န်ကျေအောင် အားစိုက်ကြရ၏။

"  ကိုခိုင်မြဲ သမီးကြီး ချောလိုက်တာမှ‌ ရက်စက်ချက်ပါပဲအေ "

ကြက်သားချက်အိုးကြီးကို မွှေနေရင်း အရပ်ထဲက အိုးသူကြီး ဖြစ်သည့် ဒေါ်ကြီးဌေးက ပြောတော့ ဘေးနားဝိုင်း၀န်းလုပ်ကိုင်နေသည့်သူတွေကပါ အသီးသီး ပြောကြဆိုကြတော့သည်။

"  ဒီကောင်မလေးက ချောတာဆိုတာ ငယ်ငယ်ကတည်းကမို့ သိပါ့။ ပြောဆို တို့ မြဲတည်လေး လဲ ချောတာပဲ "

သရက်ချဉ်သုပ်ဖို့ပြင်နေတဲ့ ဝိုင်းက ကြီးတင့်အပြောကြောင့် မမခိုင် ခေါင်းစဉ်ကနေ မြဲတည်ဖက်ပြောင်းသွားသည်။

" မြဲတည်ကကျ တစ်မျိုးလေး အကြီးရဲ့။ သူကချစ်မွှေးကိုပါတာ...သူ့အချောက မြင်လိုက်တာနဲ့ သူတစ်ပါး ရင်ကိုအေးသွားစေတာမျိုး "

မြဲတည်က ချက်သည့်သူတွေ အမောပြေသောက်ဖို့ အအေးဗူးများ လာပို့ပေးရင်း သူ့ကို ချီးမွမ်းခန်းဖွင့်နေတဲ့ စကားတွေကြောင့် မလာရဲတော့ပဲ  တွန့်ဆုတ်နေသည်။

"   ဟေ့ မြဲတည် လာလေကွာ "

ချဉ်ရည်ဟင်းအိုးကြီးတည်နေသည့် ဦးဘမောင်က လက်ခုပ်တီးကာ ထခေါ်တော့မှ မြဲတည် လည်ပင်းလေးကိုပွတ်သပ်ကာ ထိုအနားရောက်လာရသည်။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now