20

53.1K 3.1K 209
                                    

For Unicode

ပထမနှစ်၏ ပထမတစ်ဖြတ် စာမေးပွဲ ဖြေပြီးနောက် အားလပ်နေသော မြဲတည်သည်  နွေရာသီ၏ သစ်ရွက်ခြောက်များနှယ် လေလွင့်နေသည်။

သိန်းတန်က ပုဂံပြန်သွားသလို ဒေဝါအောင် တို့ကလည်း သူတို့ဇာတိ အသီးသီးကိုပြန်သွားသည်ဖြစ်၍ မြဲတည်မှာ စာအုပ်များကိုသာ အဖော်ပြုနေရတော့၏။

ယခုလည်း စာအုပ်အငှားဆိုင်မှ အပြန် ဦးနီတွတ် တို့ ရောင်းနေဆသာ ဇီးဖျော်ရည် အေးအေး လေးသောက်ချင်တာကြောင့် ဆိုင်ထဲကို စက်ဘီးလေးရပ်ကာ ဇီးဖျော်ရည် တစ်ခွက်မှာလိုက်သည်။

" ပါဆယ်နော် ဦးနီတွတ် "

" ပါဆယ်တဲ့ဟေ့။ "

ဦးနီတွတ်က အအေးဖျော်ဆရာကို လှမ်အော်ပြီး တယ်လီဗေးရှင်းမှာ ပြနေတဲ့ သင်္ကြန်မိုး ကားကိုသာ  ပြန်ကြည့်နေသည်။

မြဲတည်လဲ ထိုဇာတ်ကားကိုပဲ ထိုင်ကြည့်နေကာ ကြွပ်ကြွပ်အိတ်လေးထဲ ပိုက်ထည့်ထားသော ဇီးဖျော်ရည်ကို စုပ်သောက်လျှက် မထသေးပဲ ထိုင်လျှက် ပင်ကြည့်နေမိသေး၏။

" ခိုင်ကလေး "

ရင်းနှီးနေသော ခေါ်သံက သူ့နောက်နားဆီ မှ ရောက်လာတာကြောင့် လှည့်ကြည့်လိုက်တော့ သားရေအိတ်နက် လက်ဆွဲအိတ်တစ်လုံးနှင့် ကျောပိုးအိတ် တစ်ခုကိုလွယ်ထားသော အစ်ကိုကြီး တစ်‌ယောက်ကို တွေ့လိုက်ရသည်။

" ကိုကြီးမိုးရိပ် "

မြဲတည် ထခုန်လိုက်ကာ ပြေးဖက်ရမလို ၊ရယ်ပြရမလိုနှင့် ဘာလုပ်ရမှန်းမသိဖြစ်နေချိန် မိုးရိပ်က သူ၏လက်ထဲမှ အထုတ်တွေကို ချကာ မြဲတည်၏ပုခုံးလေးအား သိမ်းဖက်လိုက်သည်။

" မိုးရိပ် မပြောမဆိုနဲ့ "

ကိုကြီးမိုးရိပ်က ရန်ကုန်လိုက်သွားပြီးနောက်ပိုင်း စစ်ကိုင်းကို ပြန်လာတာတစ်ခေါက်မှပင် မရှိ။ သူတို့မတွေ့ကြရတာပင် သုံးနှစ် နီးပါးလောက် ရှိတော့မည်ပင်။
ဦးနီတွတ်အပါအ၀င် ဆိုင်က အလုပ်သမားတစ်ချို့လည်း ဝိုင်းလာကာ အထုတ်ဆွဲသည့်သူကဆွဲ၊ စကားပြောသည့် သူက ပြောနှင့် ဝိုင်းနေသော်လည်း မိုးရိပ်က မြဲတည်ကိုလွှတ်မပေးသေး။ ဖက်ထားတာမဟုတ်တော့သော်ကြား လက်လေးကိုတော့ ဆွဲထားကာ သူ့ဘေးတွင်ပဲ နေနေစေတာဖြစ်၏။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now