30

54.9K 3.1K 205
                                    

For Unicode

" သား မြဲတည် ခန "

အမိန့်ပြန်တမ်းတစ်ခုကို စောင့်နေသလိုမျိုး အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေရာကနေ မြဲတည်ရဲ့ ခန္တာကိုယ်လေး ဆတ်ခနဲ တုန်လှုပ်သွားတယ်။

ညနေက သူဆက်သ၀ဏ်ရဲ့ ကားထဲကထွက်လာတာကို စိုက်ကြည့်ကာ ဆိုင်ကယ်ကို မောင်းသွားတဲ့ ဖေဖေ့ပုံရိပ်ကို မြင်ယောင်ပြီး ခြေဖျားလေးများပင် အေးစက်လာသည်။

မေမေက တိုက်ပန်းကန်ပြားတစ်ချပ်ပေါ် လိမ္မော်သီးတစ်ချို့ စီရီကာ တင်နေရင်း ဆင်းလာသော မြဲတည်ကို  တစ်ချက်လှမ်းကြည့်သည်။ ဖေဖေကတော့ သက်သောင့်သက်သာ အနေထားဖြင့်သာ ထိုင်နေလျှက် တီဗွီကို သာ ကြည့်နေ၏။

သူ၀င်ထိုင်လိုက်သည်နှင့် ဖေဖေက တီဗွီကို ပိတ်ပစ်ကာ မြဲတည်အား အကြည့်ချင်းဆုံအောင်ကြည့်သည်။

" ဆက်သ၀ဏ်နဲ့ရင်းနှီးသလား "

ထင်သည့်အတိုင်း တစ်လုံးချင်းထွက်လာသော စကားတွေက မြဲတည်ကို ပို၍ တုန်လှုပ်စေသည်။ မရင်းနှီးဟု ပြောရအောင်လည်းမဖြစ်။ ရင်းနှီးသည်ပြောလိုက်ရင်လည်း မလုံသောလိပ်ပြာကြောင့် မြဲတည် ကြောက်မိပါသည်။

"ဟုတ်။ "

" ညနေက ဘာလုပ်နေတာလဲ "

" စာ စာအုပ်ငှားနေတာပါ ဖေဖေ "

ဆက်သ၀ဏ်သည် မြဲတည်နှင့် မချစ်ကြိုက်မှီကပင် အိမ်ကိုစာအုပ်တစ်ချို့လာလာ ပေးပြီး သူ့အား တွေ့ဖူးတာကြောင့် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ ဖေဖေက ရေနွေးတစ်ခွက်ကိုငှဲ့ကာ သောက်ရင်း ဘာမှဆက်မပြောတော့။ အတန်ကြာမှ

" သိပ်မရောနဲ့။ ကိုယ့် အစ်မကို စောင့်ရှောက်မဲ့အစား ခုတုံး လုပ်တာမျိုး ဖေဖေမကြိုက်ဘူး"

မြဲတည်၏ နှဖူးထိရောက်နေသော စိုးရိမ်စိတ်များပြန်ကျသွားသည်။ ဖေဖေထင်သည်က ဆက်သ၀ဏ်သည် မမခိုင်ကို ကြိုက်သဖြင့် မြဲတည်နှင့် လာရော နေခြင်းဟု...။

" ဖေကြီးက သိပ်ရှေးရိုးစွဲနေပါပြီ။ ဘာဖြစ်သလဲ ခိုင်ရော သ၀ဏ်ရော အကုန်အရွယ်ရောက်ပြီးသားတွေ ။ ဟိုဘက်က မျိုးရိုး ဆိုတာ လည်း "

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now