2 (U/Z)

60.6K 3.7K 578
                                    

Unicode

နောက်ကနေကြည့်ရတာတောင် မျက်စိပသာဒ ဖြစ်လွန်းရတဲ့ ကျောပြင်ကျယ်ကျယ်ကို ကြည့်ရင်း ခိုင် ရင်ခုန်စွာပြုံးလိုက်တယ်။

အသည်းပုံလေးတွေဖော်ထားတဲ့ စက္ကူအိတ်ထဲမှာ ငြိမ်သက်စွာတည်ရှိနေတဲ့ ထီးတစ်ချောင်းဟာလည်း ပိုင်ရှင်လိုပဲ အေးစက်စက်....

" ခိုင် သွားတော့လေ "

ဘေးနားကသူငယ်ချင်းမတွေကလည်း သူမနည်းတူစိတ်လှုပ်ရှားနေကာ အတင်းတွန်းပို့နေတာကြောင့် ခိုင် အိတ်ကို ဆွဲကာ အရှေ့ခုံက သူမ၏မင်းသားလေးကို လျှောက်လာခဲ့လိုက်တယ်။

" သ၀ဏ် "

သ၀ဏ်ဆိုတဲ့ သူမရဲ့ မင်းသားလေးဟာ နားကြပ်တစ်ဖက်ကို ဖြုတ်လိုက်ကာ သူမဆီမော့ကြည့်လာတယ်။

ဖြူ၀င်းနေတဲ့ လည်တိုင်တွေဟာ သွေးကြောစိမ်းတွေပင် ယှက်သမ်းကူးလူးနေတာကို မြင်နေရသလို ကြည်စင်နေတဲ့ မျက်နှာချောချောဟာ မပြုံးမရယ်မာန်တင်းနေတာတောင်မှ ရှုချင်စဖွယ်ကောင်းရတယ်။

" ထီး ငှားပေးတာ ကျေးဇူးပဲနော် "

သူမကမ်းပေးတဲ့ အိတ်ကိုမယူပဲ သ၀ဏ်ဟာ နားကြပ်ကိုပြန်တပ်လိုက်ကာ

" ယူလိုက်တော့ "

ဟု စကားကိုခပ်ပြတ်ပြတ်ဆိုလာ၏။

ရင်ထဲမှာ ကြယ်တံခွန်တွေ ကြွေကျလာသလိုပဲ ခိုင်၏ ဖူးသစ်စရင်ခွင်‌လေးဟာ တဒုတ်ဒုတ်ခုန်မြည်လာရတယ်။

" ခိုင့် ကိုပေးတာလား... "

နောက်ထပ်ဘာစကားမှဆက်မပြောတော့တဲ့ သ၀ဏ့်ကြောင့် သူမအပြုံးတွေကို အရှိန်သပ်ကာ စောင့်ကြည့်နေတဲ့ သူငယ်ချင်းမများဆီ အပြေးလေးပြန်လာခဲ့လိုက်သည်။

" ဘာတဲ့လဲ...ဘာတဲ့လဲ "

" ခိုင် ယူလိုက်တော့ တဲ့ "

" ဟယ်!!!!!! "

အသံကျယ်ကြီးတွေဖြင့် ထအော်တာကြောင့် အတန်းထဲက စာဂျပိုးမိန်းကလေးအုပ်စုကတော့ မကျေမလည်မျက်စောင်းထထိုးသည်။

အလကားပါ...သူတို့မရနိုင်တာကို မနာလိုနေကြတာ...။

ခိုင် ၏ မျက်နှာ ဖူးဖူးလေးဟာ ပန်းသွေးရောင်ယှက်ပြီး နဂိုကထက်ပို ချစ်စဖွယ်ကောင်းနေတော့တယ်။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now