ခြယ်မှုန်းနံ့သာ မြဲသစ္စာ

28.5K 1.3K 44
                                    

For Unicode

" ခိုင် ဟဲ့ ခိုင် "

တစ်ညံညံတစ်ဆူဆူ အသံတွေကြားမှာ ခြယ် မျက်ခုံးလေးပင့်ကာ လှမ်းကြည့်မိတော့ ခပ်လှမ်းလှမ်းဝိုင်းက မိန်းကလေးအုပ်စုရဲ့ ရယ်မြူးမြူးမျက်နှာ တွေနဲ့ ဆုံတယ်။

တစ်ချို့မျက်နှာတွေက ရင်းနှီးနေတာကြောင့် ကျောင်း ကပဲ ဖြစ်မယ် ။ ထန်းတော ထဲ အုပ်စုလိုက်ကြီး ရောက်လာကြာတာမို့ ပျော်စရာကောင်းသား လို့တွေးလိုက်မိရင်း ဘေးဖက်က လူက စကားလာပြောတာမို့ အလိုက်သင့် ပြန်ပြောကာ အာရုံ ပြန်လွဲ သွား၏။

ခြယ်တို့ ဝိုင်းမှာတော့ ယောင်္ကျားလေးရော မိန်းကလေးတွေပါ ရော နေကာ တစ်ချို့တွေဆိုရင်  မသိပင်မသိ။

သောက်စားဖြစ်ကြရင်း ‌ဘေးက မေသူ့ခေါင်းလေးက ခြယ့်ပုခုံးပေါ် အိကျလာပြီး အတင်းတိုးပြီးကပ်ကာ ‌ဖက်လာတာမို့ ပြုံးရင်း ခေါင်းလေးကိုထိန်းကိုင်လိုက်တယ်။

ခြယ် က မိန်းကလေးတွေနဲ့လဲ တွဲဖူးသလို ယောင်္ကျားလေး တွေကိုလဲ တွဲခဲ့ဖူးတယ်။ နှစ်ခုလုံးပေါ်မှာတော့ ဘယ်သို့မျှ ကွဲလွဲသည်မခံစားရ။

သူမအနားမှာ ထိုသို့ ခြံရံ နေတာကို သဘောကျရုံပဲ။
တစ်ခုရှိတာကတော့ ခြယ်သည် မည်သူ့ကိုမှ တွဲရအောင် မပြော ၊မည်သူကမှလဲ ‌တွဲရအောင်မပြောပဲ ရည်းစားများနေသည်လို့ ဆိုလို့ရသည်။

သို့သော် လိုအပ်သည်ထက်ပိုသော မည်သည့်‌ထိတွေ့မှုကိုမှတော့ မလုပ်တတ်။ သူမကို မှီတွယ်တဲ့အခါ ခါးလေးပြန်ဖက်လိုက်တာမျိုး ၊လက်ကို ယှက်ကိုင်တဲ့ အခါ အလိုက်သင့် ပြန်ဆုပ်ကိုင်ပေးလိုက်တာမျိုး...သည်လောက်ပင်။

ထိုမှတဆင့် အနမ်းတို့ ဆီ ဦးတည်လာသည့်အခါ ပြုံးပြုံးလေး ရှောင်ဖယ်ခြင်းဖြင့် တစ်ဖက်လူကို ရပ်တန့်စေသည်သာ...။

" ခိုင် အဲ့တာ နွားချေးပုံ ကြီး "

နောက်ထပ် ထွက်ပေါ်လာသော ခပ်စူးစူးအသံတစ်ချို့‌နောက်မှာ ခြယ့် စိတ်အာရုံတို့က တစ်ဖက်ဝိုင်းဆီ ရောက်သွားပြန်သည်။

တစ်ဖက်ဝိုင်းရှိ မိန်းကလေးတစ်စုက အနည်းငယ် မူးနေဟန် ရှိသော သူ တစ်ယောက်အား ဆွဲထူရင်း ရယ်နေတာဖြစ်၏။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now