နှုတ်ဆက်

20.6K 1.2K 78
                                    

မြဲထုံပေပေလေးနဲ့ သူ့ကိုကို တို့ကို ကောင်းကောင်းမနှုတ်ဆက်ရသေးလို့ အခုတရား၀င်လာနှုတ်ဆက်ပါပြီ။

မြဲတည် တို့က ကျူးလစ်ရဲ့ ပထမဆုံး OC လေးဖြစ်လို့ ပြီးသွားတဲ့အခါ ရင်ထဲက တစ်ခုခု ဆွဲထုတ်လိုက်သလိုပဲ ဟာနေခဲ့လို့ ဘယ်လိုနှုတ်ဆက်ရမလဲ စဉ်းစားနေရတယ်။

ပထမဆုံး ခိုင် ဆိုတာလေးက နွေရာသီမှာ မာရဇ္ဇရဲ့ ယုံပါရင်သို့တိုးဝှေ့ဆဲပါ လေး နားထောင်မိရင်း ယောင်္ကျားလေးတစ်ယောက်ကို ခိုင် လို့ နောက် ယောင်္ကျားလေးတစ်ယောက်က သုံးနှုန်းရင်ရော ဆိုတဲ့ အတွေးကနေစခဲ့တဲ့ နာမည်လေးပါ။ ဆက်သ၀ဏ် ကတော့ ကျူးလစ် နဂိုကတည်းက OCရေးရင် ဒီနာမည်ကို ပေးမယ် ဆိုပြီး ကြိုတွေးပြီးသား နာမည်လေးပေါ့နော်။

note ထဲမှာ အပိုင်းအတိုအစလေးတွေ ချရေးထားတာရှိပေမယ့် အရေးအသားကို စိတ်မချလို့ မတင်ဖြစ်ရာက နောက်တော့ တင်ဖြစ်သွားတယ်။

နှစ်နှစ်နီးပါး ကြာခဲ့ပါတယ် အဓိက အကြောင်းအရာကအပိုင်းရှည်လို့မဟုတ် updateကြာလို့ပါ။ ongoing လိုက်ပေးခဲ့တဲ့ သူတွေတော့ တကယ့်ကို တမေ့တမော အားလဲနာရ၊ သဘောကျပေးလို့လဲ ကျေးဇူးတင်ရပါတယ်။

စာအုပ်အငှားဆိုင်လေးတွေ၊  အရောင်မတူတဲ့အသင်းငါးသင်း၊ ညနေတိုင်း အလံအပ်ရတဲ့ အချိန်တွေ ၊ အပန်းဖြေစရာ ရုပ်သံအများကြီး မရှိပဲ ကိုယ်ထူကိုယ်ထကစားနည်းတွေ အများကြီးပဲ အဖော်ပြုခဲ့ရတဲ့အချိန်တွေနဲ့ ငယ်ဘ၀ကို နည်းနည်းလေးဖြစ်ဖြစ်လဲ သတိရသွားပြီး နည်းနည်းဖြစ်ဖြစ်ပျော်ရွှင်ကြဖို့မျှော်လင့်ပါတယ်။

ကျူးလစ်တော့ သ၀ဏ်လိုအစ်ကိုကြီးတစ်ယောက်က တော့ ကျောင်းတိုင်း မှာ ရှိခဲ့မယ် ဆိုတာ ယုံတယ်။
ကျောင်းတတ်ရင်း အစ်ကိုနဲ့ အယှဉ်ခံရ အစ်မ နဲ့ အနှိုင်းခံရ ၊ မတော် မဖျင်း အလယ်အလတ် မြဲတည် လို ကျောင်းသားလေးတွေကတော့ ကိုယ်တိုင်အပါအ၀င် တော်တော် များခဲ့မှာပါ။

တစ်ပုဒ်လုံးမှာ မြဲတည်ဟာ ကျူးလစ်အတွက် အတန်းဖော် သူငယ်ချင်းလေး ဖြစ်ခဲ့ပြီးတော့ သ၀ဏ်ဟာ အမြဲအားကျစရာ စီနီယာအစ်ကိုကြီး ဖြစ်ခဲ့ပါတယ်။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now