47

71.8K 3.4K 320
                                        

For Unicode

အချစ်ခံရခြင်းအပေါ် အခွင့်ရေးယူတတ်သူ မဖြစ်ချင်သော်ငြား မြဲတည် သည် အခုတလော ကိုကို့ အပေါ် ဆိုးသွမ်းမိ‌နေသည် ထင်ပါသည်။

အမြဲတမ်းလဲ ကိုကို့ အနားမှာ ကြောင်တစ်ကောင်လို တိုးဝှေ့နေတတ်ပြီး ထိုအခါမှပဲ စိတ်မှာ ကျေနပ်နှစ်သိမ့်မှု ရသွားသလိုပင်ခံစားရ၏။

" သွားတော့မယ် "

မြဲတည် စာအုပ်ဆိုင်ကို သွားဖို့ပြင်နေတုန်း ကိုကိုကလဲ သူ၏ကျောပိုးအိတ်ကို လွယ်လျှက် ဆေးရုံသွားဖို့ အသင့်ဖြစ်နေပြီ ။

ဆံစဖျားလေးတွေထဲ လက်ထိုးထည့်ကား ကိုကို့ နှုတ်ခမ်းပါးတွေက မြဲတည်ကို ခပ်ဖွဖွလေး လာရောက် ထိကပ်နှုတ်ဆက်သည်။

အနည်းငယ် ညစ်ချင်သော စိတ်လေးနှင့် ခါးကို ဖက်ထားသည်အားလွှတ်မပေးပဲ ခွာဖို့ ပြင်သော ကိုကို့ နှုတ်ခမ်းအား မျက်နှာလေး မော့ကာ လိုက်နမ်းတော့ ရယ်သံ တိုးတိုးလေးက သာယာစွာပင်ထွက်လာ၏။

ထို့နောက် မြဲတည်၏ မေးဖျားလေးကို လက်ညိုးဖြင့် ပင့်ကာ ကိုကိုက အနမ်းတို့ကို တိုက်စစ်ဆင်‌ပါလေရာ ဗျူဟာမနိုင်သည့် တပ်မှူးငယ်လေးမြဲတည်သည် စစ်မြေပြင်ဧကရာဇ်ရှေ့မှောက်တွင် ဒူးထောက်ရသည်သာ။

" ကိုကို ညနေပြန်လာရင် ကိတ်မုန့်ဝယ်ခဲ့ "

" အွန်း "

မြဲတည် ၏ ခေါင်းလေးကို ဖိပုတ်ကာ ကိုကိုက ပြုံးလျှက် ကားဆီလျှောက်သွားသည်။
ချစ်ခြင်းတို့ဖြင့်အတိပြီးသော ဤသို့သော နေ့ရက်များသည် မြဲတည်အတွက် နိဗ္ဗာန် ငယ်လေး တစ်ခုလိုပါပင်.........။
.
.
.

ကြုံတောင့် ကြုံခဲ ကိုကို့ ပိတ်ရက် များသည် မြဲတည် အလိုကျ သာ ဖြစ်တည် တတ်၏။

တစ်ခါတစ်ရံ ပြင်ဦးလွင်က ခြံမှာ အနားယူကြသလို မေမေတို့ဆီ သွားချင်သည့်အခါတွင်လည်း အတူတူ ညအိပ်ညနေ သွားဖြစ်ကြသည်။

ကိုကိုနှင့် ဖေဖေ သည် အလွန်ပင် စကားပြောရအဆင်ပြေကာ ဖေဖေက သူပြောသည့်အချင်းအရာတိုင်းကို လိုက်ပြောနိုင်သည့် ကိုကို့၏ ဗဟုသုတ များကို ချီးကျူးသည်။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now