50 (END)

48.7K 2.4K 176
                                    

For Unicode

စက္ကူပန်းနီနီတွေ လှပစွာပွင့်ဖူးနေသော အစိမ်းနုရောင်အိမ်လှလှလေးသည် နွေရာသီကာလမှာ အမြင်အားဖြင့် ရင်ကိုငြိမ်းအေး သွားစေသည်။

လူနေအိမ်တစ်အိမ်နှင့်တစ်အိမ်က ကျဲပါးခြားနားလွန်းလှကာ ထနောင်းနှင့် တမာတွေသာ လှိုင်လှိုင်ပေါ‌သော အရပ်ဒေသမို့ အရိပ်‌ရကာ တိုက်သော လေလေးတွင်ကိုက အေးမြမြအငွေ့သက်တို့ပါ ‌နေလေ၏။

"  ဒေါက်တာဆရာ ရေ  မတင်မြိုင် လာတယ်တော့"

ရွက်ထားသော ဗန်းကို ပစ်ချရင်း စက္ကူပင်အောက် ဆောင့်ကြောင့်ထိုင်ချကာ ရင်းရင်းနှီးနှီး ခေါ်သော အပြောမှာ စေ့စေ့ပိတ်ထားသော အိမ်တံခါးလေးဟာ လှုပ်ရှားလာသည်။

နက်ပြာရောင် ပုဆိုး နှင့် သပြေနုရောင် ချည်သား အင်္ကျီပွပွ ကိုသာ ရိုးရှင်းစွာ ၀တ်ထားပါလျှက် ကွယ်ဝှက်မရနိုင်သော ချောမောပြေပြစ်မှုက ထင်ဟပ်လျှက်။

"  ဖိုးသား တို့ အိုင်ပက်ခဲ့ ကြပြန်ပြီပေါ့ "

" ဟုတ်ပါ့  သူ့ညီနဲ့ မနေ့က မြုံးထောင်ထားတာ ဒီ‌နေ့ ဖော်လာကြလို့။ ဟင်းစား ယူပါဦး "

သ၀ဏ်က နှဖူးကိုလက်ညိုးလေးကွေးကာ ကုတ်ခြစ်လိုက်ရင်း မပွင့်တပွင့်ပြုံးလျှက် ခေါင်းညိမ့်လိုက်သည်။

ထို့နောက် အိမ်ဘက်သို့ ခေါင်းကိုလှည့်၍

" ခိုင်မြဲတည် ကိုကို့ ကို ပိုက်ဆံအိတ်လေး ယူခဲ့‌ေပး ပါဦးကွာ "

ဟု ခေါ်လိုက်လျှင်

" ဟယ် မပေးနဲ့။ ဒါက သပ်သပ်လာပေးသာရယ် "

မတင်မြိုင်က အသည်းအသန်ငြင်းကာ ဆူဖြိုးဖြိုး ငါးနှစ်ကောင်ကို ငှက်ပျောဖက်နှင့် ထုတ်ကာ ချည်လျှက် အတင်း ထိုးပေးပြီးထတော့မည် ပြုသည်။

" မဟုတ်ဘူး အစ်မ ။ ယူသွားပါ ကျွန်တော် နောက်လက်မခံပဲ နေမှာနော် "

" ပြောမရလိုက်သာ ဆရာက တော့် "

ထိုသို့ ပေးလိုက်ငြင်းလိုက်နှင့် လွန်ဆွဲ နေစဉ် မှာပင် ရယ်သံလွင်လွင်လေးနဲ့ အတူ မြဲတည် က ထွက်လာသည်။ လက်ထဲတွင် ကိုင်ထားသော သားရေခေါက်ပိုက်ဆံအိတ်လေးအား သ၀ဏ့်ထံ ကမ်းပေးကာ သူပါထိုင်ချလိုက်သည်။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now