22

32K 2.2K 42
                                    

For Unicode

ဒီရက်ပိုင်း သင်္ကြန်နားနီးရင် ရလေ့ရှိသော မြေသင်းနံ့ကို မြဲတည်ရနေသလို လေပူလေနွေး တွေမှာ ပါလာတဲ့ သရက်ကင်းနုစို တို့ရဲ့ ရနံ့ကိုလည်း သဘောကျနေမိသည်။

ကိုကြီးမိုးရိပ်ကတော့ သူကြိုတင်စကားခံခဲ့သလိုပဲ သင်္ကြန်တွင်းပြန်ရခက်မည်စိုး၍ မတိုင်ခင်မှာပင် ပြန်သွားသည်။

ဒေဝါအောင်ကတော့ စောစောစီးစီးကို ရောက်ချလာကာ ရှေ့ဆင့်နောက်ဆင့် ဆိုသလို သိန်းတန်ပါ ပြန်လာတော့ မြဲတည် ပျင်းချိန်မရှိတော့။

အခုလည်း သိန်းတန်တို့သရက်ပင်အောက် ထိုင်ရင်း သင်္ကြန်တွင်းအစီစဉ်ကို ဒေဝါအောင် နှင့် အကြိတ်အနယ် ဆွေးနွေးနေကြတာဖြစ်သည်။

" လမ်းထိပ်က ဦးကြံ ရဲ့ ဂျစ် ငှားကွာ။ လူစုတာ မကြာပါဘူး "

သိန်းတန်က အကြံပေးသော်လည်း မြဲတည်က မသိဖြစ်နေ၍

" ဦးကြံက ဘယ်သူတုန်း "

" မင်း ဟိုကွာ လမ်းထိပ်က ကိုဆက်သ၀ဏ် တို့ အိမ်ဘေးက  သံပန်းသံတံခါး လုပ်တဲ့ အိမ်လေ။ အဲ့လူကြီးနာမည်က ဦးကြံ တဲ့။ ငါ့ထက်အရင် ဒီရပ်ကွက်မှာ နေခဲ့လို့သာပဲနော် "

" အော်....သိပြီ "

" သိရင် လဲ ငှားမယ် "

ဒေဝါအောင်က ကြိမ်ကုလားထိုင်ပေါ် ထိုင်ကာ သိန်းတန် ချကျွေးသည့် စလူမုန့် တစ်ချို့ကို မြုံ့နေရင်း ထောက်ခံသည်။

တကယ်တော့ မြဲတည်က သိပ်ပြီး သွားလည်ချင်တာမဟုတ်။ ရပ်ကွက်ထဲ ရေလိုက်ပက် ဖူးတာကလွဲရင် ကိုယ်က ဦးစီးဦးဆောင်ပြုကာ လူကြီးလိုမလည်ဘူးခဲ့ပါ။
အခု သူငယ်ချင်းသစ်တွေနဲ့ ကျောင်းသားဘ၀မှာ အမှတ်တရကျန်ချင်လွန်း၍ လိုက်ရခြင်းသာဖြစ်၏။

" အကျနေ့မှလည်မယ်နော်။ အကြိုက ပါးသေးတယ် "

" အိုကေ ညနေကျ ငါနဲ့ မြဲတည် ကားသွားမေးထားမယ် ။"

" ဟုတ်ပြီလေ။ လင်းလက် လဲ လာတော့မှာပါ။ မင်းအစ်မ လိုက်ဦးမလား မေးဦးလေ မြဲတည် "

" မမခိုင်က သူ့သူငယ်ချင်းတွေနဲ့ စီစဉ်ပြီးသားထင်တယ် "

နှစ်ကောင်လုံးမျက်နှာအိုကြီးတွေနဲ့ ငြိမ်ကျသွားတာကြောင့် မြဲတည်တကယ်စိတ်မဆိုးသော်လည်း စိတ်ဆိုးချင်ယောင် ဆောင်ကာ ခြေရင်းက ကြွေကျနေတဲ့ သရက်ကင်းတစ်ချို့နဲ့ ပစ်ပေါက်လိုက်ရ၏။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now