For Unicode
မေ့ ဖို့ မ ကြိုး စား ခဲ့ ပါ ဘူး..
ပျော် သည် ဖြစ် ဖြစ် မ ပျော် သည် ဖြစ် ဖြစ်
ကြိတ် မှိတ် ခံ စား မယ်....။ချစ် လွန်း တော့ လည်း ကွယ်
ဘယ် လို ဖြေ လို့ မေ့ လို့ ရ မှာ လဲ
ယုံ ပါ ရင် သို့ တိုး ဝှေ့ ဆဲ ပါ ခိုင်....။ရင်သို့တိုးဝှေ့ဆဲပါခိုင်_ မာရဇ္ဇ
.
.
.
.ရော်ရွက်ဝါတွေတဖွဲဖွဲကျနေသော အိုက်စပ်စပ်မနက်ခင်းသည် မေမေနှင့်မမခိုင် တို့၏ အသံပေါင်းစုံဖြင့် ဆူညံနေသည်။
မြဲတည်တစ်ယောက် အိပ်ယာမှ ဖြည်းလေးစွာထလာရင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပါးစပ်ကိုလက်ဖြင့်ဖိပိတ်ကာ ခွိခနဲပင်ရယ်လိုက်မိ၏။ ထို့ကြောင့် အကြောင်းသုံးပါးမရွေးတတ်သော မမခိုင်၏ မျက်စောင်းဟာ မြဲတည်ထံသို့ ဒိုင်းခနဲကျရောက်လာ၏။
ရယ်တာလည်း ရယ်ချင်စရာပင်။
မမခိုင်၏ဆံမြီးကျစ်ထားသော ဆံပင်နှစ်ဖက်မှာ သပြေခက်တွေ ထိုးထားကာ ခေါင်းလှည့်လိုက်တိုင်း တခါခါဖြစ်နေ၏။" မမခိုင်...တကယ်ဒီလိုကြီးသွားမှာလားဟ"
" ဒါက အိမ်မှာခနထိုးထားတာ...ကျောင်းထဲ၀င်ရင်တော့ တစ်ခက်လောက်ပဲ ထိုးသွားမှာပါဟဲ့။ နင်လာရယ်မနေနဲ့ "
" အေးပါ...ကျွန်တော်မရယ်ပါဘူး "
ပြောပြီးသည်နှင့် မြဲတည်က မျက်နှာသစ်ရန်ထွက်လာခဲ့ကာ မေမေနဲ့ မမခိုင်၏ စကားစစ်ထိုးပွဲကလည်း တဖန်ပြန်၍ စတင်တော့သည်။
သူအောက်ထပ်ကိုရောက်တော့ သတင်းစာတစ်စောင်ကိုဖတ်နေသည့် ဖေဖေက အပေါ်ထပ်ကအသံတွေကို ရည်ညွှန်းကာ မျက်နှာကို ရယ်ရွှင်ဖွယ်ဟန်လုပ်ပြ၍ မြဲတည်ကိုစသည်။
" မျက်နှာမြန်မြန်သစ်နော် သား။
မင်းအစ်မကို စာမေးပွဲပြီးတဲ့အထိ လိုက်စောင့်ပေးလိုက်ဦး "" ဟုတ်ကဲ့ ဖေဖေ "
" အေးအေး မုန့်ဖိုးယူထား ရော့"
ရှပ်အကျီအိတ်ကပ်ထဲမှ ထုတ်ပေးသော တစ်ထောင်တန် ကို မြဲတည် ခပ်သွက်သွက်ပင်လှမ်းယူလိုက်ကာ ဟီးခနဲရယ်ပြလိုက်သည်။
