For Unicode
လိုအပ်သည်ထက်ပိုသည်းနေသော မိုးစက်တွေကြောင့် ခိုင်ဟာ သူမရဲ့ ယင်းမာဖိနပ်အဖြူအသစ်စက်စက်လေးကို နှမြောတသစွာ ပင် ကြည့်လိုက်မိသည်။
ခိုင် မိုးတွင်းကို သိပ်မုန်းတာပဲ။
ရွံ့နွံတွေ ဗွက်တွေ နဲ့ ညစ်ပတ်နေတဲ့ လမ်းတွေပေါ် သူမခြေထောက်တွေ ချဖို့ပင်မသတီ...။မကြာခင်မိုးတွင်းကုန်တော့မှာ ဖြစ်သော်လည်း
လက်ကျန်ကာလလေးမှ အကုန်အစင်အောင်ရွာချနေသည့် မိုးတွေကြောင့် ဒီရက်ပိုင်းတွေမှာ ကျောင်းပင်မလာချင်ေလာက်ေအာင်ရှိလှသည်။ကျောင်းမလာရင်လည်း သူမ တွေ့ချင်တဲ့ လူကို တွေ့ရမှာ မဟုတ်ပြန်ဘူး..။
အတန်းအပြင်ဘက်ကို ခေါင်းလှည့်ကာ အိပ်နေတဲ့ သ၀ဏ့်ကို ကြည့်ရင်း သူမလည်း ခပ်ပြင်းပြင်းကျရောက်နေတဲ့ မိုးစက်တွေဆီကိုပဲ အကြည့်ပြန်ပို့လိုက်ရတယ်..။
" ငေးလှချည်လား ခိုင် "
အပြင်ဘက်ကိုထိုင်ငေးနေတဲ့ ခိုင့်နံဘေးအား ရင်နုက ၀င်ထိုင်ကာ စကားလာေပြာသည်။
သူမလက်ထဲတွင်တော့ ဘိုင်အိုအထူးထုတ်စာအုပ်တစ်အုပ်ကို ကိုင်ထားတာတွေ့ရ၏။
ခိုင်က သူမ၏မျက်နှာလေးကို လှလှပပ မဲ့လိုက်ကာ သက်ပြင်းချရင်း" ရင်နုက သိပ်စာကြိုးစားတာပဲ။
ထမင်းစားချိန်လေးတော့ နားသင့်ပါတယ် "" လက်စမို့လို့ပါ ခိုင်ရယ်...။
မြဲတည်ရော မလာသေးဘူးလား "" အေး သူထီးတော့ပါပါတယ်။လာမှာပေါ့ "
တကယ်တော့ ရှစ်တန်းဆောင်က မြဲတည်ဟာလည်း လာဖို့ ခက်နေတာကို ခိုင်မသိ။
ထီးပါလာပါသော်လည်း အိမ်ကိုထမင်းပြန်စားမည့် အတန်းဖော်တစ်ယောက်အား မနေနိုင်မထိုင်နိုင်ငှားလိုက်မိတာကြောင့် အသွားခက်နေရသည်။
" မမခိုင်တော့ ဗိုက်ဆာနေတော့မှာပဲ "
ဒီအတိုင်းထိုင်နေ၍ မဖြစ်တော့ပြီမို့
မိန်းကလေးအတန်းခေါင်းဆောင် ရီရီစိမ့် ထံသို့ သွားကာ သူမ၏ ပန်းနုရောင်မိုးကာ အား ငှားဖို့ပြင်ရတော့သည်။
