15

27.3K 1.9K 59
                                    

For Unicode

" ခိုင်က ပိုက်ဆံလိုလို့တဲ့ "

မေမေသည် လက်ထဲမှ ရေမွှေးနံ့သင်းနေသော စာလေးကို ခေါက်ကာ ပြန်သိမ်းလိုက်ပြီး ဖေဖေ့ဘက်သို့ ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။

ဘိုင်အို စာအုပ်ကို ကိုင်ကာ  ခေါက်တုံ့ခေါက်ပြန်လျှောက်လျှက် စာကျက်နေသော မြဲတည်ပင်လျှင် သူ့ကို ခေါ်သည်မှတ်၍ ယောင်ကာ ခြေလှမ်းများနှေးကွေးသွားသည်။

" မနက်ဖြန် ညနေ သွားကျမယ်လေ။ မင်း မကြော်အလှော်လေး ဘာလေးလုပ်ရင် လုပ်ထား "

" မနက်ဖြန်မှ ကြက်သားလေး သွား၀ယ်လိုက်မယ်။ ငါးပိကြော်ကတော့ မကုန်သေးဘူးပြောတယ် "

မေမေနှင့်ဖေဖေတို့ အတိုင်ဖောက်ညီစွာ ပြောနေသည်ကို နားထောင်ရင်း မြဲတည်သူ၏ စာကိုပဲ ပြန်၍အာရုံစိုက်လိုက်သည်။ ကိုးတန်းဟူသည် အတန်းအကူးအပြောင်းကြောင့် အသစ်သစ်သော ဘာသာရပ်တွေအဖြစ်ပြောင်းလဲ သွားသော်လည်း လိုက်မှီနေပါသေးသည်။ အရင်ကဆို အတန်းကြီး အစ်မတွေ အစ်ကိုတွေ ပြောသည့် ကိုးတန်းရောက်ရင် အကုန် အင်္ဂလိပ်စာတွေပဲ သင်ရမှာ ပြော‌၍ မြဲတည်တို့မှာ ကြောက်လိုက်ရသည့်ဖြစ်ခြင်း။

အခုဆို နှစ်၀က်ကိုတောင် တစ်တိတိနှင့် ရောက်လာကာ  မမခိုင်ပင်လျှင် မန္တလေးတွင် ဆေးတက္ကသိုလ်ကို တတ်ရောက်နေပြီဖြစ်သည်။

စစ်ကိုင်းနှင့် မန္တလေးသည် မဝေးလှသော်လည်း မိန်းကလေးတစ်ဦး အသွားအပြန်လုပ်ရန် သက်သာလှသည့်ခရီးမဟုတ်တော့ မမခိုင်သည် အဆောင်ပဲ နေလိုက်ရသည်။ အခုတော့ တော်တော်လေး ပျော်နေပုံရကာ အိမ်ကိုပင်လျှင် ပြန်မလာချင်။ လာပြန်ရင်လည်း စာတွေမည်မျှ ခက်ကြောင်း ၊ကြိုးစားရကြောင်းတွေပြောကာ မြဲတည်ကို အချွန်နှင့် မ တတ်တာမို့ နားညီးလှ၏။

" မြဲတည်  "

အိမ်ရှေ့မှ အသံကြား၍ သူစာအုပ်ကိုချလိုက်တော့ မေမေကပါ မြဲတည်ရေ ဟု အော်ခေါ်သည်။

" လာပြီ မေမေ "

ခပ်သွက်သွက်ဆင်းလာရင်း ဧည့်ခန်းဆီ ကြည့်လိုက်တော့ သူ့လိုပဲ ဘိုင်အိုစာအုပ်တစ်ထပ်ကိုပိုက်ထားသော ပုဂံပြည်သိန်းတန် ကို တွေ့လိုက်ရ၏။

သ၀ဏ်လွှာပါး မေတ္တာထားစေWhere stories live. Discover now