Part - 1 ( U )

33.4K 1.5K 7
                                    


လမ်းထ်ိပ်ကဆေးဆ်ိုင်လေးမှာဈေးကူရောင်း‌ပေးရင်းရတဲ့
လစာလေးနဲ့သူ့အမေအတွက်လိုအပ်တဲ့ဆေးတွေ စောဝယ်လာခဲ့သည်။ငယ်ငယ်ကတည်းကအဖေကဆုံးသွားတာမို့ သားအမိ
နှစ်ယောက်တည်းစားဝတ်နေရေးကိုရုန်းကန်ရသည်။
မေမေကလည်းအခုတလောကျန်းမာရေးချူချာလာသည်မို့ တာဝန်တွေကစောဆီပုံကျလာသည်။

တိုင်းရင်းသားလွယ်အိတ်အနီလေးကိုလွယ်ကာ လက်ထဲက
ဆေးထုပ်ကိုအသာပိုက်ပြီးစောတစ်ယောက်အိမ်ပြန်လာခဲ့ကာ
တံခါးဝအရောက်အထဲကအသံတွေကြောင့် မဝင်သေးပဲနားထောင်နေလိုက်သည်။

" ဘယ်နှယ့်တော် ကောင်လေးကိုကောင်မလေးလိုဝတ်ဆင်ပြီးအလုပ်လုပ်ခိုင်းရမယ်တဲ့ ကျုပ်သားကိုအဲလိုအလုပ်မခိုင်းနိုင်ပါဘူးတော်... "
". ဒီမှာ ခင်သိန်း ညည်းသားကမိန်းကလေးလိုလေးပဲဆံပင်ကလည်းရှည်တော့ မိန်းကလေးလိုသာနေလိုက်ရင်လုံးဝမိန်းကလေးပဲ ဟိုအိမ်ကလစာကိုကြည့်လေ တစ်လငါးသိန်းတဲ့ညည်းတို့ဘယ်ကရမှာလဲ အဲဒီငွေပမာဏကို လုံလုံလောက်လောက်ရရင် အလုပ်ထွက်လိုက်ပေါ့အေ ဘာခက်တာမှတ်လို့... "
" မလုပ်နိုင်ဘူး ကျုပ်သားကိုမခိုင်းနိုင်ဘူး... "

အမေနဲ့အန်တီလှထွေးတို့ပြောသံတွေက အပြင်ကနေအရှင်းသားကြားနေရသည်။လစာငါးသိန်းရတဲ့အလုပ်ဆိုတာ စောလို
ပညာမတတ်တဲ့လူအတွက်အလွန်များတဲ့ငွေပမာဏမဟုတ်လား။
မိန်းကလေးအယောင်ဆောင်ပြီးလုပ်ရမယ်ဆိုရင်တောင်
စောကျေကျေနပ်နပ်ကြီးလုပ်မည်။ဘာခက်တာမှတ်လို့။
ကောင်လေးတစ်ယောက်ကနစ်နာသွားစရာမှမရှိပဲ။
ဒီလိုအချိန်မှာ ငယ်ငယ်ကတည်းအရှည်ထားခဲ့တဲ့ဆံပင်ရှည်တွေကိုကျေးဇူးတင်သည်။စောရုပ်ရည်ကမိန်းကလေးနဲ့တူသည့်အပြင်အသားအရေတွေကပါ နူးညံ့သည်မို့ ကောင်လေးဆိုတာမပြောပြလျှင် သိနိုင်စရာအကြောင်းမရှိ။အမြဲဆံပင်တွေကိုဆံထုံးထုံးထားတဲ့စောက အခြားကာလသားတွေလို ရာဇဝင်ထဲကသူရဲကောင်းတွေရုပ်မထွက်ပဲ မိန်းမလှလေးရုပ်အမြဲထွက်နေတတ်သည်။

စောအိမ်ပေါ်ကိုအသာအယာတက်သွားပြီး မေမေ့ဆေးထုပ်ကို
ဗီရိုထဲသိမ်းလိုက်သည်။စောအိမ်ပေါ်တက်လာတော့ မေမေတို့ကပြောလက်စ စကားတွေရပ်သွားကြပြီး စောကိုကြည့်နေကြသည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now