Part - 5 ( U )

14.7K 1K 7
                                    

ဒီနေ့စောဈာန်ရဲ့အခန်းကိုရှင်းပေးနေရသည်။
ဒီလောက်ရှင်းလင်းနေသည်အခန်းကိုဘာလို့ရှင်းခိုင်းမှန်းမသိပေမဲ့
သူကအိမ်ရှင်ဆိုတော့ သူခိုင်းသမျှမလွဲမသွေလုပ်ပေးရသည်။

" ထွေးငယ် ထွေးငယ်ရေ အောက်ဆင်းခဲ့အုန်း... "

ထမိန်ကိုမ,ပြီးအမောတကောနဲ့လာခေါ်တဲ့မိငယ်ကြောင့်
စောလုပ်လက်စအလုပ်ကိုရပ်ပြီး အောက်ဆင်းလာခဲ့၏။

" ထွေးငယ် လာ... "

ဧည့်ခန်းကိုရောက်ရောက်ချင်း ရှိန်းကိုတွေ့လိုက်တာမို့
မိငယ်လာခေါ်တဲ့အကြောင်းရင်းကိုသိလိုက်ပြီဖြစ်သည်။
စကားတောင်မပြောရသေး သူ့လက်ကိုဆွဲခေါ်ပြီး အိမ်ရှေ့ကို
ခေါ်လာတာမို့ စောအသာလေးလိုက်လာခဲ့သည်။

" ကိုဈာန်မရှိတုန်းလာတာ ဟိုနေ့ကမပေးလိုက်ရတာလေးလာ
ပေးတာ... "

ဟိုနေ့ကပေးတဲ့အိတ်ပန်းရောင်လေးကို သူ့လက်ထဲထိုးပေးတော့ စောလက်ကမ်းယူလိုက်ပြီး...

". နောက်ဆိုဒီလိုတွေမပေးပါနဲ့ ရှိန်း ဈာန်လည်းမကြိုက်ဘူးမလား
ပြသာနာတက်လိမ့်မယ် ဟိုနေ့ကတည်းကသူကရှိန်းကိုအမြင်
မကြည်ဘူးထင်တယ်... "
". ထွေးငယ် ဈာန်ကိုသဘောကျလား... "

ရှိန်းမျက်ခုံးလေးပင့်မေးတော့ စောခေါင်းချက်ချင်းရမ်းပြလိုက်သည်။

"  မဖြစ်နိုင်တာတွေ ရှိန်းရယ် တခုခုစားအုန်းမလား... "
". တော်ပါပြီ ထွေးငယ်မျက်နှာလေးတွေ့ချင်တာရယ်
ဒါလေးပေးချင်တာရယ်ကြောင့်လာခဲ့တာပါ... "

အမှန်ဆို ထွေးငယ်နဲ့တွေ့ပြီးကတည်းကရှိန်းမှာ ကနာမငြိမ်
သူ့ကိုပဲသွားတွေ့ချင်နေမိသည်။မျက်တောင်ရှည်လေးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း လူကိုပြန်ကြည့်နေပုံက တကယ်ကိုအသည်းယားစရာအတိ။

" ဟုတ်ကဲ့ပါရှိန်း...ထွေးငယ်အလုပ်တွေမပြီးသေးတာမို့
ခွင့်ပြုပါအုန်းနော် ဒါလေးအတွက်ကျေးဇူးပါ... "
". ရပါတယ်ဗျာ ကဲနောက်မှတွေ့မယ်.. ကို့သည်းငယ်.. "

ကို့သည်းငယ်ဆိုတဲ့စကားကိုတော့ ရှိန်းစိတ်ထဲကနေပဲပြောမိလိုက်သည်။တကယ်ဆိုဖွင့်ပြောဖို့မရဲသေးပါ။ဈာန်လိုသရဲမှမဟုတ်ပဲ
တွေ့တာမှမကြာသေးပဲ ဖွင့်ပြောရင် သူ့ကိုစိတ်ဆိုးသွားမှာဆိုးသည်။အဲဒါကြောင့် တဖြည်းဖြည်းသူ့နားလေးမှာ ဝဲသီဝဲသီလုပ်ရင်း အနေနီးကာမှ ဖွင့်ပြောဖို့စဉ်းစားထားသည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now