Part - 34 ( U )

8K 478 1
                                    


အချိန်အားဖြင့် မနက် ၉နာရီရှိပြီဖြစ်သည်။
စောသည် ‌ယောပုဆိုးအညိုလေးနဲ့ရှပ်အင်္ကျီအဖြူကိုဝတ်ဆင်ရင်းမှန်ရှေ့တွင် ရပ်နေမိသည်။ယုယလေးသည်လည်း ကုတင်ပေါ်၌ လက်မလေးကိုစုပ်ကာ စောအားလှမ်းကြည့်နေလေ၏။
စောသည် မှန်ရှေ့ကနေ ယုယလေးဆီလျှောက်သွားပြီး ကောက်ချီလိုက်သည်။

" ဘာလဲ ဦးငယ်ကချောလို့လား.. "

ယုယလေး၏ပါးအား အသာအယာဖျစ်၍မေးတော့ နားလည်သလိုနဲ့တခစ်ခစ်နဲ့ရယ်ရှာသည်။
ဈာန်က ဒီနေ့ဘုရားသွားကြမယ်ဟုပြောထားတာမို့ စောရော၊ယုယလေးပါ သွားဖို့အတွက်အသင့်ပြင်ဆင်ထားကြတာဖြစ်၏။
ယုယလေးသည် ဂါဝန်အဖြူလေးနဲ့ကြက်တောင်နှစ်ဖက်စည်းထားကာ ရှူးဖိနပ်အဖြူလေးကိုပါစီးထားသည်။
စော ယုယလေးအားချီပြီးအောက်ဆင်းလာတော့ ဈာန်ကဧည့်ခန်းမှာထိုင်ပြီး ကော်ဖီသောက်နေလေသည်။အခုထိအဝတ်အစားမလဲရ‌သေးပေ။စောသည် ဈာန်အနားလျှောက်သွားလိုက်ပြီး သူ့အနားကပ်လျက်မှာဝင်ထိုင်လိုက်ပြီး ယုယလေးအား ဈာန့်ပေါင်ပေါ်တင်လိုက်တော့ ပြူးကြောင်ကြောင်နဲ့ပြန်ကြည့်လာ၏။

" ဘုရားသွားမယ်ဆိုပြီးတော့အခုထိအဝတ်အစားမလဲသေးပဲဘာလုပ်နေတာလဲ. "

" အင်း စောတို့မပြီးသေးလို့စောင့်နေတာ.. "

". ဘာကိုစောင့်နေတာလဲ သွား မြန်မြန်လဲချည်.. "

". ရွေးပေးအုန်းလေ မောင့်အတွက်.. "

ဈာန်ဆိုသည်မှာ ထို့သို့ပင်။အပြင်သွားမယ်ဆိုတိုင်းစောအားအဝတ်အစားရွေးခိုင်း၏။မသိရင်ကလေးအတိုင်းပင်။စောသည်လည်းလုံးဝမငြိုငြင်ပဲ စိတ်ရှည်လက်ရှည်နဲ့ဈာန့်နဲ့လိုက်မဲ့အင်္ကျီကိုရွေးပေးတတ်သည်။ဘုရားသွားမှာမို့ ပုဆိုးဝတ်ခိုင်းတော့ မျက်နှာကရှုံ့မဲ့ပြနေသေးသည်။

" ငါနဲ့ဆင်တူပါ မောင်ရဲ့.. "

စောကထို့သို့ပြောမှ မျက်နှာကတက်ကြွလာပြီး ပြုံးရယ်လာသည်။တကယ်တော့ မတူပါ။စောကပုဆိုးအညိုကွက်လေးဖြစ်ပြီးဈာန်ကအနီကွက်လေးဖြစ်သည်။သို့သော် ယောပုဆိုးချင်းတော့တူ၏။

ဆယ့်နှစ်နာရီထိုးခါနီးလောက်မှာတော့ ဈာန်တို့ ဘုရားကိုရောက်လာပြီဖြစ်သည်။စျာန်သည် ဘုရားရှေ့၌ ပန်းရောင်းနေသည့်ကလေးမဆီမှ ပန်းတွေအကုန်ကိုဝယ်လာသည်။ဘယ်ဘက်လက်တွင်ကံ့ကော်ပန်းကုံးတွေကိုမနိုင်မနင်သယ်ထားပြီး နောက်တစ်ဖက်တွင်လည်း သပြေပန်းနှစ်စည်းကိုလည်းကိုင်ထားပြန်သည်။ဘုရားကိုကလေးနဲ့လာရတာအဆင်မ‌ပြေပေမဲ့ ယုယလေးကလိမ္မာတာမို့ နည်းနည်းတော့အဆင်ပြေပါ၏။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now