Part - 24 ( U )

10.4K 566 4
                                    


အောက်ပိုင်းရဲ့နာကျင်မှုနဲ့အတူစောနိုးထလာခဲ့သည်။စားပွဲပေါ်ကမီးအိမ်ခလုတ်ကိုတချက်နှိပ်ဖွင့်လိုက်တော့ ချလောက်ဆိုတဲ့အသံလေးနဲ့အတူအခန်းလေးဟာလင်းလာခဲ့တယ်။
စောသူ့ဗိုက်ကလေးကိုဖိပြီး ကုတင်ပေါ်ကထလာခဲ့ကာဈာန့်ကိုလှမ်းကြည့်လိုက်တော့ အိပ်မောကျနေသည်မို့မနှိုးတော့ပေ။
အချိန်ကိုကြည့်လိုက်တော့ ညဆယ့်တစ်နာရီရှိနေပြီဖြစ်သည်။ညနေကတည်းကဘာမှမစားရသေးသည်မို့ ဗိုက်ကလည်းတဂွီဂွီဆာနေသည်။သို့သော် ခန္ဓာကိုယ်ကမလန်းသောကြောင့် ဗီရိုထဲက မောင်ရဲ့သဘက်တစ်ခုကိုယူကာ ရေချိုးခန်းထဲသို့ဝင်ပြီး ရေချိုးလိုက်တော့သည်။

ရေချိုးပြီးမှ ခန္ဓာကိုယ်ကပေါ့ပါးသွားကာနာကျင်နေတာတွေလည်းအနည်းငယ်ပျောက်သွားသယောင်ပင်။ထို့နောက် ပုဆိုးနဲ့အင်္ကျီလေးကိုထုတ်ဝတ်လိုက်ပြီး အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။တခုခုမစားရင်ပြန်အိပ်ပျော်မှာမဟုတ်ပေ။

မီးအိမ်ရဲ့မီးအရောင်ကြောင့်ဈာန်အိပ်နေရင်းမှနိုးလာခဲ့သည်။ဘေးဘက်ကိုကြည့်လိုက်တော့ စောကရှိမနေတာမို့ ချက်ချင်းထရှာမိသည်။ရေချိုးခန်းကိုဝင်ရှာကြည့်တော့ မကြာခင်ကမှရေချိုးထားသည့်အရိပ်အယောင်တွေ့တာမို့ ဈာန်အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။ဗိုက်ဆာလို့တခုခုသွားစားသည်ထင်၏။
ဈာန်ထင်တာမှန်သည်။ဈာန်အောက်ထပ်ဆင်းလာတော့ ထမင်းစားပွဲမှာ ကုပ်ကုပ်လေးထမင်းစားနေသည့်စော။

" ကြက်ပေါင်းရည်လုပ်ခိုင်းထားတယ် စော ထမင်းမစားနဲ့ . "

ရုတ်တရတ်ရောက်ချလာသော ဈာန်ကြောင့် စောကိုယ်လေးပင်တုန်သွားရသည်။ဒီအချိန်ကြီး အသံမပေး၊ဘာမပေးနဲ့။
စော ခေါင်းတချက်ငြိမ့်ပြလိုက်တော့ ဈာန်ကပန်းကန်လုံးလေးကိုကိုင်ကာ ဒယ်အိုးထဲက ကြက်ပေါင်းရည်ကိုသွားခတ်လိုက်သည်။
သို့သော် ကြက်ပေါင်းရည်ကလုပ်ထားတာကြာပြီမို့အေးစက်နေသည်။

" အေးနေလို့ နွှေးလိုက်အုန်းမယ်နော်.. "

". အင်းရတယ်.. "

ဈာန်ဟင်းအိုးခလုတ်ကိုဖွင့်ထားလိုက်ပြီး စောအနားလေးလာထိုင်လိုက်သည်။ရေချိုးထားတာမကြာသေးသည်မို့ ရှပ်ပူအနံ့လေးကမွှေးနေသည်။ဆံသားလေးတွေကြားထဲနှာခေါင်းနစ်ဝင်သည်အထိနမ်းရှိုက်ပြီးတော့ ဘေးနားကခုံကိုဆွဲကာ စောနဲ့ကပ်လျက်မှာထိုင်လိုက်သည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now