ဂီတာတစ်လက်ကိုကိုင်ကာ ပန်းခြံထဲကတန်းလျားထိုင်ခုံမှာ
ဈာန်တစ်ယောက်ထိုင်နေလေသည်။မျက်နှာထားကလည်းတည်တံ့နေကာ ဝမ်းနည်းနေသယောင်။
လက်ချောင်းလေးတွေကို ကြိုးတွေပေါ်မှာအပြေးအလွှားအလုပ်ပေးပြီး စတင်တီးခတ်လိုက်သည်။လေ့ကျင့်ထားတဲ့အတွက် သံစဉ်တွေဟာ နားဝင်ချိုစွာထွက်ပေါ်လာသည်။". 🎼 ပျော်ချင်တိုင်းလည်းမပျော်ရပါ။
ချစ်မိသူတိုင်းလည်းချစ်ခြင်းမခံခဲ့ရပါ။
မသိသေးတဲ့ ဒီလောကရဲ့အထာ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ။ 🎼🎼 နေသာခိုက်မှာမြင်လို့လေ
တွေ့တဲ့အခါတိုင်းလည်း မိုးမအုံ့ပါဘူးမပြောသာ
ခန့်မှန်းလို့မရကောင်းတဲ့ အခြင်းအရာ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ။ 🎼🎼 အပြုံးနဲ့ယှဉ်တွဲ နွှဲခဲ့ဖူးတာလည်းအခါခါ
နောက်ဆုံးတော့အငိုသာကျန်မြဲပါ
ကိုယ့်အတွက်မှာတော့အချစ်စစ်ဆိုတာဟာလေ
ထာဝစဉ်ပေးဆပ်ရခြင်းပါ။ 🎼🎼 ယုံကြည်လွန်းတဲ့ ဒီအချစ်မှာ ဘဝတစ်ခုက်ိုရင်းနှီး
မီးနဲ့ရေနဲ့ကစားလာအနိုင်အရှုံးတော့
ကိုယ်လည်းမသိသေးပါ
အချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါ။ 🎼စော အပေါ်ထပ်အခန်းကနေ လိုက်ကာလေးကိုကိုင်ကာ ဈာန်သီချင်းဆိုတာကိုပြုံးပြုံးလေးကြည့်နေမိသည်။
မေတ္တာအစစ်အမှန်တွေပေါပေါသီသီပေးချင်တာပေါ့မောင်ရယ်။ဒါပေမဲ့ မင်းကမလိုချင်ရင် ဘယ်လိုလုပ်မလဲ။ဈာန်သီချင်းဆိုပြီးတာနဲ့ အပေါ်ထပ်ကိုတက်လာခဲ့သည်။ဈာန်အပေါ်ထပ်တက်လာတော့ စောကလည်းအောက်ထပ်ကိုဆင်းလာကာ နှစ်ယောက်သား လှေကားထိပ်မှာ ဆုံမိကြသည်။ဈာန်ကစောကိုခဏကြည့်လိုက်ပြီး ချက်ချင်းမျက်နှာလွှဲသွားကာ ရှောင်ဖယ်သွားသည်။
စောဈာန်ရဲ့အပြူအမူကိုနားမလည်ပေမဲ့ တားဆီးခြင်းမရှိခဲ့။
ဘာလို့ ဒီလိုစိမ်းစိမ်းကားကား ဆက်ဆံသွားသလဲမသိပေမဲ့
ဒီလိုလေးကပဲကောင်းပါတယ်လေ။စောမီးဖိုထဲဝင်ကာ မမကလျာအတွက် ကော်ဖီဖျော်နေတုန်း
ခြံထဲကဝူးခနဲကားမောင်းထွက်သွားသံကြောင့် တံခါးကနေလှမ်းကြည့်လိုက်မိသည်။ညနက်နေပြီကို ဘယ်သွားမလို့လဲမသိဘူး။
ငါမအိပ်ပဲ စောင့်နေမှာမို့ ညဉ့်မနက်ခင်ပြန်လာခဲ့နော် မောင်။
YOU ARE READING
မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]
Romance" ကောင်းကင်နဲ့မြေကြီး အဆုံးမရှိသလို မောင့်အချစ်တွေကလည်း အဆုံးမရှိဘူး... " ဈာန်ဒီပါမောင်+စောပန်းချီ ( M - preg ) [ Started date>>>> 3.5.2022 Ended date>>>> 11.7.2022 ]