Part - 26 ( U )

8.3K 558 4
                                    


အရေးပေါ်ကားရဲ့အချက်ပေးသံနဲ့အတူ ဆေးရုံအတွင်းသို့ဝင်လာသည့်သွေးသံရဲရဲနဲ့လူနာတစ်ယောက်။ခေါင်းမှာခိုက်မိထားသည့်ဒဏ်ရာကမည်မျှနက်သည်ဆိုတာကိုစစ်ဆေးမကြည့်ပဲအမြင်နဲ့တင်သိနိုင်သည်။အကြောင်းရင်းက နီရဲနေသည့်သွေးတွေကအဆတ်မပြတ်ထွက်နေသောကြောင့်ဖြစ်သည်။

လူနာခွဲစိတ်ခန်းထဲသို့ဝင်သွားသည်နဲ့ခွဲစိတ်ခန်းတံခါးကချက်ချင်းပိတ်သွားသည်။စောထိုခွဲစိတ်ခန်းတံခါးကိုမှီကာငိုကြွေးနေမိသည်။
ငါ့ကြောင့်သာမဟုတ်ရင်မောင်ဒီလိုဖြစ်မှာမဟုတ်ဘူး။
ငါ့ကြောင့်။ငါ့ကြောင့်။အရာအားလုံးကငါ့ကြောင့်ပဲ။

/
/
/
/
/
/
/
ကလျာအိမ်သို့ပြန်ရောက်ရောက်ချင်းဧည့်ခန်းမှာခဏအမောဖြေထိုင်နေလိုက်သည်။တစ်နေ့လုံး ဟိုပြေးရ၊ဒီပြေးရနဲ့အတော်မောပန်းနေလေပြီ။သို့သော်ရေမချိုးရသေးသည်မို့တန်းအိပ်လို့ကမရသေး။ကလျာအတွေးများနေရင်းမှဈာန့်ကားပြန်မရောက်သေးသည်ကိုသတိထားမိသွားသည်။ဈာန်ဒီနေ့ပြန်ရောက်မည်ပြောထားတာကိုဘာလို့ပြန်မရောက်သေးတာပါလိမ့်။

" ဈာန်ပြန်မရောက်သေးဘူးလား မိငယ်.. "

". အတွဲလိုက်ကိုပြန်မရောက်သေးတာမမကလျာ.. "

". ဪ အေးပါဟယ်.. "

မိငယ်ရဲ့အဖြေကြောင့် ကလျာရယ်မိသွားသည်။အတွဲလိုက်ကိုပြန်မရောက်သေးသည်တဲ့။ဖြေလည်းဖြေတတ်သည်။
နှစ်ယောက်စ‌လုံးပြန်မရောက်သေးရင်တစ်နေရာရာကိုလျှောက်လည်နေတာဖြစ်‌နိုင်ပေမဲ့ ထူးထူးဆန်းဆန်းစိတ်ထဲမှာ လေးလံနေသည်မို့ ကလျာသူ့မောင်ဆီဖုန်းဆက်လိုက်သည်။

" ဟယ်လို .. "

တစ်ဖက်ကပြန်ဖြေလာသည့်ယောင်္ကျားအရင့်အမာကြီးတစ်ယောက်ရဲ့အသံကြောင့် ကလျာဘာဆက်ပြောရမလဲမသိပဲငြိမ်ကျသွားသည်။ဈာန်ကဘယ်ရောက်နေလို့အခြားသူဖုန်းကိုင်ရတာလဲ။

" ဈာန်ဘယ်ရောက်နေလဲ.. "

". ဈာန်ဒီပါမောင်ကဒီဖုန်းရဲ့ပိုင်ရှင်ပါကျွန်တော်ကတာဝန်ကျရဲပါ
ကျွန်တော်တို့တာဝန်ကျတဲ့နယ်မြေမှာ ဈာန်ဒီပါမောင်တို့ပြသာနာဖြစ်ကြလို့အခုဆေးရုံမှာပါ ဖုန်းကိုကျွန်တော်တို့ကသိမ်းထားရတာပါဗျ.. "

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now