ယနေ့သည် ဖေဖော်ဝါရီလ14ရက်နေ့ဖြစ်သည်။တနည်းအားဖြင့်ဈာန်တို့၏တရားဝင်လက်ထပ်ပွဲနေ့ဖြစ်သည်။ကမ်းခြေတစ်ခုတွင်မင်္ဂလာပွဲကိုစီစဉ်ခဲ့သည်။ပင်လယ်ကြီးအားနောက်ခံထား၍၊ကောင်းကင်ပြာကြီးအားနောက်ခံထား၍ ထိမ်းမြှားလက်ထပ်မှာဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဤကောင်းကင်နှင့်မြေကြီးကဲ့သို့ မိမိ၏အချစ်တွေသည်လည်းအဆုံးမရှိသောကြောင့် ဈာန်ဤနေရာကိုရွေးချယ်မိခြင်းဖြစ်သည်။
လျှောက်လမ်းတွင်ကော်ဇော်အနီကိုခင်းကျင်းထားကာ ဘေးတွင်ပန်းအိုးများကစီရီစွာရှိသည်။လျှောက်လမ်း၏ဘေးတစ်ဖက်တချက်တွင် ဧည့်သည့်တို့ထိုင်ရန်ခုံများကိုချခင်းထားသည်။
လခြမ်းသဏ္ဍာန်အဝင်ဝလေးမှာ ပန်းပွင်းလေးတွေဖြင့်လှပစွာပြင်ဆင်ထားပြီး မျက်စိကိုအေးစေ၏။ထို့အတူစိတ်ကိုပင်အေးချမ်းစေသည်။
သတို့သားဖြစ်သော ဈာန်ဒီပါမောင်သည် လျှောက်လမ်းအတွင်းသို့လျှောက်လှမ်းလာမည့် မိမိ၏ချစ်သည်းလေးအားစောင့်မျှော်နေသည်။သီချင်းသံခပ်အေးအေးသည် နားထဲတွင်ညိမ့်ညောင်းစွာစီးမျောနေသည်။
ထို့နောက် ပန်းခြင်းတောင်းလေးကိုကိုင်ကာ အနက်တိုင်းဝတ်စုံအနက်လေးကိုဝတ်ဆင်ထားသောကလေးတစ်ယောက်သည်ပန်းတွေကြဲရင်း လျှောက်လမ်းပေါ်သို့လျှောက်လာလေပြီ။နက်ကတိုင်အစားဖဲပွင့်လေးကိုတပ်ဆင်ထားသည့်ထိုကလေးငယ်သည် ဈာန့်တို့၏သားလေး ဈာန်တိမ်ယံချီဖြစ်သည်။သားလေးသည်သုံးနှစ်အရွယ်ရှိပြီဖြစ်သည်။ရုပ်ရည်သည် ဈာန့်တို့၏သားလေးလားဟုမေးစရာပင်မလိုအောင်ဈာန့်တို့နဲ့အတော်ဆင်သည်။အထူးသဖြင့်ဈာန်နှင့်ပိုတူသည်။ဖြူစွတ်နေသည့်အသားအရေတွေကိုပိုင်ဆိုင်ထားခြင်းကတော့ စောနဲ့တူသည်။
ထိုကလေး၏နောက်တွင် ကပ်လျက်ပါလာသောသူသည် မိမိ၏ချစ်သည်း စောပန်းချီဖြစ်သည်။အနက်တိုင်းဝတ်စုံအဖြူရောင်လေးကိုဝတ်ဆင်ထားကာ သူတို့၏သားလေးလို နက်ကတိုင်အစားဖဲပွင့်အနက်လေးကိုတပ်ဆင်ထားသည်။ရှည်လျားသည့်ဆံပင်တွေအား ခေါင်းစည်းကြိုးဖြင့်ချည်နှောင်ကာချထားသည်။
စော၏မေမေသည် စောဘေးတွင် စောလက်လေးကိုချိတ်ကာအတူတူလျှောက်လာသည်။
YOU ARE READING
မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]
Romance" ကောင်းကင်နဲ့မြေကြီး အဆုံးမရှိသလို မောင့်အချစ်တွေကလည်း အဆုံးမရှိဘူး... " ဈာန်ဒီပါမောင်+စောပန်းချီ ( M - preg ) [ Started date>>>> 3.5.2022 Ended date>>>> 11.7.2022 ]