Part - 3 ( U )

16K 1.1K 18
                                    


ဈာန်တစ်ယောက်ရုံးခန်းကစုံလည်ထိုင်ခုံပေါ်မှာ နောက်ပြန်မှီရင်း
အတွေးတို့ကိုနယ်ချဲ့နေလေသည်။အတွေးတွေကိုနယ်ချဲ့နေသည်ဆိုတာထက် ထွေးငယ်ရဲ့မျက်နှာလေးကိုပြန်မြင်ယောင်ကာ
ပြုံးနေသည်ဆိုပိုမှန်မည်။
ထွေးငယ်ရဲ့အလှတရားကတမူထူးသည်။ဈာန်လို ဂျေးများတဲ့သူကိုတောင် သဘောကျအောင်စွမ်းနိုင်သူဖြစ်သည်။ဈာန်က အခုအချိန်ထိ ရည်းစားဆို တစ်ယောက်ပဲထားခဲ့ဖူးတာဖြစ်သည်။typeအရမ်းရွေးပြီအရမ်းဂျေးများသည်။သူနဲ့တွဲခဲ့သူကလည်း မမကတွဲဆိုလို့ စမ်းတွဲခဲ့ကြခြင်းသာ။

" CEO ခဏနေ meetingရှိပါတယ်... "
". အင်း သိပြီ..."

မန်နေဂျာက အစည်းအဝေးရှိသည်ကိုလာသတိပေးသောကြောင့် ဈာန်ထိုင်နေရာမှထကာ အခန်းအပြင်သို့ထွက်လာခဲ့သည်။
အလုပ်တွေမြန်မြန်ပြီးမှ အိမ်ကိုစောစောပြန်ပြီး သူ့မျက်နှာလေးတွေ့ရမည်မဟုတ်လား။
/
/
/
/
/
/
ထုံးစံအတိုင်း စောမှာထွေထွေထူးထူးလုပ်စရာအလုပ်ရယ်မရှိ။
တစ်နေ့တစ်နေ့ ကလေးအခန်းထဲမှာသာနေရသည်။
အခုဆိုစောကသူ့နေတဲ့အခန်းကနေ ကလေးအခန်းထဲကိုပြောင်းလာတာမို့ ပိုလိုပင်ဆိုးသည်။အခန်းထဲကထွက်တယ်ဆိုတာပင်ရှားသည်။မမလေးကလည်း အခုရက်ပိုင်းအလုပ်ရှုပ်နေသည်မို့ ကလေးဆီကိုမလာအားပေ။

ခုနစ်လကျော်နီးပါးပဲရှိသေးတဲ့ကလေးနာမည်က ယုယဈာန်တဲ့လေ။အစ်မဖြစ်သူကမောင်ဖြစ်သူရဲ့နာမည်ပါအောင်တမင်မှည့်ပေးထားသည့်တဲ့။

ကလေးက ထိုင်နိုင်ရုံ၊လေးဘက်သွားနိုင်ရုံပဲရှိသေးသည်မို့
စောအနီးကပ်သေချာစောင့်ကြည့်ရသည်။ခြောက်လကျော်သွားပြီမို့ တခါတခါ ထမင်းအပူကိုအဝတ်နဲ့တိုက်ပြီး ကျွေးသေး၏။လူချမ်းသာတွေ ကျွေးတဲ့အစားအစာတွေကို စောဘဝင်
မကျသည်မို့ ကိုယ်တိုင်ထမင်းလုပ်ကျွေးလိုက်တာဖြစ်သည်။

" ထွေးငယ်ရေ သမီးရေချိုးချင်ချိုးတော့လေ ကြီးမြ
ထိန်းလိုက်မယ်ကလေးကို.... "
". ဟုတ်ကဲ့ပါ ကြီးမြ အဲဆိုလည်း ကြည့်လိုက်ပါအုန်း ထွေးငယ်
ရေသွားချိုးလိုက်အုန်းမယ်.... "
". အေးအေး ဒါနဲ့အိမ်ရှေ့ကပန်းပင်လေးတွေကိုရေလောင်းလိုက်ပါအုန်း မိငယ်ကဈေးသွားတာပြန်မလာသေးလို့... "
". ဟုတ်ဟုတ် ထွေးငယ်လောင်းလိုက်မယ်.... "

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now