Part - 22 ( U )

9.7K 649 3
                                    


မြိုပြနဲ့ဝေးရာကိုမောင်းနှင်လာသည့်ကားလေးဟာ တငြိမ့်ငြိမ့်နဲ့
ပေတရာလမ်းမထက်မှာရွေ့လျားနေ၏။ကားsound boxကနေတရား‌ဖွင့်ထားပေးလိုက်တော့ အမေကငြိမ်ကာပုတီး‌လေးစိပ်လျက်နားထောင်နေသည်။

" အမေပြောတာမှန်တယ်ဗျ ဟိုနေ့ကမေမေကသားကိုဆက်သွယ်တယ်.. "

ရှိန်းသူ့အမေအကြောင်းကို စောအမေ့အားပြောပြဖူးသည်။
သူ့ကိုမချစ်လို့ထားသွားခဲ့တာနေမှာပါဟုပြောတော့ စောအမေကမဟုတ်ပါဘူးဆိုပြီးအကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ရှင်းပြသည်။အခု‌တော့စောအမေပြောသလိုမှန်သည်။မေမေကသူ့ကိုမချစ်လို့ထားခဲ့တာမဟုတ်ဘူးလေ။

". အမေပြောသားပဲသားငယ်ရယ် သားကိုမချစ်လို့ထားခဲ့တာမဟုတ်ပါဘူးလို့ သူလည်းမဖြစ်သာတဲ့အခြေအနေ‌နဲ့မို့ပါ... "
" ဟုတ်တယ်ဗျ မေမေကအခုကနေဒါမှာတဲ့သားကိုလာလည်ဖို့ခေါ်နေတယ် ဒါပေမဲ့ဖေဖေကလွှတ်ပါ့မလားမသိဘူး.. "
". လွှတ်မှာပါသားရယ် သူကသားအမေပဲသားအမိချင်းတော့ခွဲမယ်မထင်ပါဘူး.. "
". မျှော်လင့်ရတာပါပဲ အမေရယ်.. "
". ဒါနဲ့သား‌ငယ် ဟိုနေ့ကသားစောပြောတာအတွက်အမေကပဲတောင်းပန်ပါတယ်ကွယ်...  "
". ဘာကိုလဲ အမေ့... "

ကားမောင်းနေရင်းမှငဲ့ကာကြည့်လျက်မေးလိုက်တော့ အမေကပြုံးကာကြည့်၍ ရှေ့ကိုပဲသေချာကြည့်မောင်းပါဟုပြော၏။

" သားစောက တမင်ရည်ရွယ်ပြီးပြောတာမဟုတ်ပါဘူးကွယ်အမေကလည်းဘက်လိုက်သလိုမျိုးဖြစ်သွားတော့သားရှိတာကိုမေ့ပြီးပြောမိသွားတာနဲ့တူပါရဲ့ သူကသားကိုတမင်မရှ်ိစေချင်လို့ပြောတာမဟုတ်ပါဘူး.. "
". ဟုတ် ရပါတယ်အမေ့ သားနားလည်ပါတယ် ဒါပေမဲ့သားနည်းနည်းတော့ရင်နာတယ်ဗျ အမေသိတယ်မလား သားအစ်ကိုစောကိုချစ်နေတယ်ဆိုတာ... "

ရှိန်းပွင့်ပွင့်လင်းလင်းပဲပြောလိုက်တော့သည်။အမေလည်းရိပ်မိနေမယ်ထင်သည်။အမေကတုံးအနေတဲ့သူမှမဟုတ်ပဲအရိပ်အကဲကြည့်ပြီးနားလည်တတ်တဲ့သူမဟုတ်ပါလား။
ရှိန်းရဲ့ပွင့်ပွင့်လင်းလင်းပြောလာပုံကြောင့် ဒေါ်ခင်သိန်းပြုံးမိသွားသည်။ပြီးတော့ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်ပြီး...

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now