". ဖြည်းဖြည်းလျှောက်နော် စော .. "
ကိုယ်ဝန်စရသည့်အချိန်ကတည်းက စောမှာအကျဉ်းကျသွားသလိုပင်။အိမ်ပေါ်နှင့်အိမ်အောက်ပင်မဆင်းရ။အခန်းထဲမှာသာအောင်းနေရ၏။စျာန်သည် စောအဖော်ရစေရန်ဆိုကာ စောအမေအားအိမ်၌ခေါ်ထားသည်။
". ငါပြေးသွားလိုက်မှာ.. "
". သားရယ် မစပါနဲ့ သားဈာန်ကစိုးရိမ်လို့ပြောတာပါ.. "
စောမေမေသည် ကုတင်ပေါ်၌ သူတို့အဝတ်အစားတွေအားခေါက်ပေးရင်းလှမ်းပြော၏။စောသည် အခန်းထဲ၌လမ်းလျှောက်နေတာဖြစ်ပြီး ဈာန်ကတော့သူ့ဘေးမှလိုက်ထိန်းပေးနေသည်။
ဈာန်သည် အခုရက်ပိုင်း၌ ကုမ္ပဏီကိုအစည်းအဝေးရှိသည့်အချိန်သာသွားပြီးကျန်သည့်အချိန်တွေတွင် စောအနားမှာသာကပ်နေ၏။ပိုတယ်ဟုပြောပြန်တော့လည်းမကြိုက်ပေ။တကယ်လည်းအကဲပို၏။
" မောင်ရယ် ငါကိုယ့်ဘာသာလျှောက်တတ်ပါတယ်ကွာ.. "
အခုဆို စော၏ကိုယ်ဝန်မှာ ငါးလကျော်၊ခြောက်လထဲဝင်ပြီဖြစ်သောကြောင့် ဗိုက်လေးမှာရှေ့သို့ တော်တော်ပင်စူထွက်နေလေပြီ။
ဈာန်သည် ထိုဗိုက်လေးအနားကပ်၍ လူ့လောကထဲမရောက်လာသေးသည့် သူ့ကလေးအား စကားပြောပြန်၏။" သားသားလေး ပါးပါးကဒယ်ဒီကိုငေါက်နေတယ် ကြားလားဟင်.. "
မျက်နှာကိုရှူံ့မဲ့မဲ့လုပ်ပြီး စောအားမော့ကြည့်လာတော့ စောသူ့နဖူးအားလက်သီးဖြင့်ခပ်ဖွဖွထုပစ်၏။ဘေးမှာမေမေရှိသည်ကိုပင်မေ့နေသည်ထင်ရဲ့။စောမေမေမှာ သူတို့နှစ်ယောက်အားပြုံးလျက်ကြည့်နေရသည်။
" မေမေအောက်ခဏသွားလိုက်အုန်းမယ်နော်... "
". ဟုတ် မေမေ... "
စောသည်သူ့မေမေအားခေါင်းတချက်ငြိမ့်ပြရင်းဖြေလိုက်၏။
ဈာန်သည် စောမေမေထွက်သွားသည်နဲ့စောလက်ကိုဆွဲကာ
ကုတင်ပေါ်မှာထိုင်စေသည်။" ဘာလဲ.. "
". ဟို မောင် မောင် နမ်းချင်လို့ .. "
". ဟမ် ဟားဟား.. "
စောအားရပါးရထရယ်လိုက်မိသည်။စောကိုယ်ဝန်စရှိကတည်းကဈာန်သည်အရင်လိုမဟုတ်တော့ပေ။တခုခုဆိုစောအားအရင်ခွင့်တောင်းသည်။ပါးတို့၊နဖူးတို့ကိုသာ အမြဲနမ်းတတ်ပြီး နှုတ်ခမ်းကိုနမ်းတော့မည်ဆိုလျှင်အမြဲခွင့်တောင်းသည်။
ဘာတွေကလိမ္မာသွားစေလဲဆိုတာစောမသိပေ။
YOU ARE READING
မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]
Romance" ကောင်းကင်နဲ့မြေကြီး အဆုံးမရှိသလို မောင့်အချစ်တွေကလည်း အဆုံးမရှိဘူး... " ဈာန်ဒီပါမောင်+စောပန်းချီ ( M - preg ) [ Started date>>>> 3.5.2022 Ended date>>>> 11.7.2022 ]