Part - 27 ( U )

9.1K 585 10
                                    


နေရောင်ခြည်သဲ့သဲ့က မှန်ပြတင်းပေါက်ကိုကျော်လွန်ပြီး အခန်းထဲသို့ကျရောက်နေသည်။နာရီအားဖြင့်မနက်7နာရီရှိပြီဖြစ်သည်။
ဈာန်သတိမေ့နေတာဒီနေ့ဆိုနှစ်ပတ်ရှိပြီဖြစ်ပေမဲ့ဈာန်ကတော့အခုထိသတိမလည်လာသေးပေ။အထူးကြပ်မတ်ဆောင်ကနေ သီးသန့်အခန်းဆီကိုပြောင်းလာရပေမဲ့ဈာန့်အခြေအနေကမထူးခြားသေးပေ။

စောထိုင်ရာကနေ ထပြီး လိုက်ကာတွေကိုဆွဲဖွင့်လိုက်သည်။
ထို့နောက်ပြတင်းပေါက်ကိုဖွင့်လိုက်တော့ လေအေးလေးတွေက
ပါးပေါ်ကိုပွတ်တိုက်ကျီစယ်သွားသည်။သေချာသည် စောရဲ့နားထင်စပ်မှာကပိုကယိုကျနေသည့်ဆံပင်လေးတွေကလည်း
လေထဲမှာတလွင့်လွင့်ဖြစ်နေမည်ဆ်ိုတာ။
စောပြတင်းပေါက်ကနေအပြင်ကိုငေးနေရင်းမှ ဈာန့်ဘက်သို့လှည့်ကြည့်လိုက်သည်။ဆေးပိုက်အသွယ်အသွယ်နဲ့အိပ်ပျော်နေသောချစ်ရသူ။ဒီနှစ်ပတ်အတွင်း အိပ်ပျော်နေသည့်ဈာန်ကသိသိသာသာပိန်ကျနေသည်။ဈာန့်နည်းတူစောလည်းထိုနည်း၎င်း။
နဂိုကတည်းကအရိုးပဲရှိသည့်စောက အခုများ အရိုးပေါ်အရေတင်ရုံသာ။

" အစ်ကိုနိုးနေပြီလား.. "

ထမင်းချိုင့်နဲ့ရေဘူးထည့်ထားသည့်ခြင်းကိုဆွဲကာ အခန်းထဲသို့ဝင်လာသောရှိန်းကနို့စိမ်းရောင်ရှပ်အင်္ကျီလက်ရှည်နဲ့စတိုင်ပန်ကိုတွဲဝတ်ထားကာသန့်ပြန်နေပေမဲ့ စောမှာဝောာ့ ရှုပ်ပွနေသည့်ဆံပင်ကိုဖြစ်သလိုထုံးချည်ထားပြီး အင်္ကျီကြယ်သီးတွေကိုလည်းဖြစ်သလိုတွယ်ထားသည်။

"  အင်း အစောကြီးကိုလာပို့ပြီလား.. "

". ဟုတ်တယ် ကျွန်တော်သွားစရာရှိလို့လေ . "

ဈာန်ဆေးရုံတက်ကတည်းက ရှိန်းကအမြဲထမင်းချိုင့်ပို့ပေးသည့်တာဝန်ကိုယူသည်။မမကလျာကတော့ အလုပ်တွေနဲ့မို့ ညနေပိုင်းမှသာလျှင်ဆေးရုံသို့ရောက်လာတတ်သည်။ဖြစ်နိုင်ရင်သူလည်းသူ့မောင်အနားမှာနေချင်ပေမဲ့အလုပ်တွေကလက်လွဲစရာလူမရှိဖြစ်နေသည်။ကြီးမြကတော့ နေ့ခင်းပိုင်းဆိုရောက်လာတတ်ပြီး စောနဲ့လူချင်းလဲသည်။သို့သော်စောကရေချိုးတဲ့အချိန်ခဏပဲဈာန့်အနားကခွာပြီး ကျန်တဲ့အချိန်ဈာန့်ရဲ့ကုတင်ဘေးမှာသာ
မေးထောက်ကြီနဲ့ထိုင်နေသည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now