Part - 17 ( U )

12.6K 833 10
                                    


မမကလျာကအိမ်လာခဲ့ဆိုလို့ စောလာခဲ့သည်။စောအိမ်ထဲဝင်လာပြီဆိုတာနဲ့ အိမ်ရှေ့မှာတွေ့နေကျ ကိုကိုမောင့်ကိုမ‌တွေ့ရတာမို့ စောခြံထဲဝေ့ဝဲ၍ရှာမိလိုက်သေးသည်။သို့သော်အရိပ်အယောင်မျှပင်မတွေ့။

အိမ်ထဲဝင်လာပြီး မီးဖိုခန်းအထဲအပြေးသွားတော့ ကြီးမြနဲ့မိငယ်ကိုလည်းမတွေ့ရပေ။စောခေါင်းတချက်ကုတ်မိသွားသည်။ဒီလူတွေဘယ်ရောက်ကုန်ကြပါလိမ့်။

လွန်ခဲ့တဲ့13နာရီခန့်တွင်~~~

ကလျာ ညအိပ်ဝတ်စုံလဲပြီးတော့ ဘုရားခန်းဆီသို့လာခဲ့သည်။
ဒီအချိန်က ကြီးမြဘုရားမီးပူဇော်ပြီး ပဌာန်းရွတ်နေကျအချိန်ဖြစ်သည်။ကလျာဘုရားအခန်းထဲဝင်လာတော့ ကြီးမြနဲ့မိငယ်ကဘုရားပန်းလဲနေကြတာဖြစ်သည်။ကလျာကိုမြင်တော့မိငယ်ကချက်ချင်း ကလျာဆီပြေးလာပြီး...

". ဘာလိုလို့လဲ မမကလျာ... "
". လိုတာမဟုတ်ပါဘူး ပြောစရာရှိလို့.. "

ကြီးမြကဘုရားပန်းလဲလက်စကိုရပ်ပြီး ထိုင်လိုက်ကာ
ကလျာပြောမှာကိုနားစွင့်နေလိုက်သည်။

" မနက်ဖြန်ကျ ကြီးမြတို့အပြင်‌လျှောက်လည်ကြပါ မနက်ပိုင်းပေါ့
ကိုကိုမောင်ရော သမီးလေးနဲ့ကလေးထိန်းကိုပါခေါ်သွားပေး. "
". ဘာလို့လဲ မမကလျာ.. "

အမြဲအမေးမးအမြန်းထူးတဲ့မိငယ် ထုံးစံအတိုင်းမေးတော့
ကလျာကပြုံးလျက်နဲ့မိငယ်ခေါင်းကိုဖွဖွထုပစ်သည်။
မိငယ်လည်းမနာ‌ပေမဲ့ထုခံရတဲ့‌နေရာအားဟန်ဆောင်ပန်ဆောင်နဲ့ဖိရင်း မမကလျာကိုပြုံးပြနေသည်။

" အနားမပေးရတာကြာပြီလေ.. "
". ဪ အဲလိုလား ဟုတ်ကဲ့ပါမမကလျာ.. "
" အင်း စားချင်တာဝယ်စားခဲ့ကြ ကြီးမြလည်းလိုတာဝယ်ခဲ့ ကလျာပိုက်ဆံများများပေးလိုက်မယ်.... "
". မလိုပါဘူး ကလျာရယ် ဘယ်နှယ့် . "
". ဟုတ် အဲဆိုမနက်ကျ စောစောလေးသွားပြီးလျှောက်လည်ကြ.. "
" အေးအေး.. "

ပြောစရာရှိတာပြောပြီးတာနဲ့ကလျာဘုရားခန်းမှထွက်လာခဲ့သည်။ကြီးမြကတော့ ကလျာထွက်သွားတာကိုပြုံးပြုံးလေးနဲ့ကြည့်ရင်း ခေါင်းတညိမ့်ညိမ့်လုပ်နေမိသည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now