Part - 32 ( Z )

2.7K 84 0
                                    

ဝါသဲ့သဲ့မီးအိမ်လေးသည် ဈာန်တို့အိပ်မည့်ကုတင်ဘေးရှိစားပွဲပေါ်တွင်လင်းနေ၏။မီးအိမ်၏အလင်းရောင်သည် ထိုစားပွဲအနီးတဝိုက်သာလျှင်လင်းနေသည်။ကုတင်၏ခြေရင်းတွင် ဟင်းပွဲနဲ့ဝိုင်ခွက်တို့ တင်ထားသည့် စားပွဲတစ်ခုရှိ၏။ထိုစားပွဲပေါ်တွင် ထွန်းထားသော ဖယောင်းတိုင်သည်လည်း ထိုအနားအနီးတဝိုက်သာလျှင်အလင်းပေးနေသည်။

စောသည် ရေလဲသဘက်ကိုခါးမှာပတ်ကာရေချိုးခန်းမှထွက်လာပြီဖြစ်သည်။ညအိပ်တော့မည်ဖြစ်တာမို့ ခေါင်းမလျှော်တော့ပဲ ခေါင်းကိုအဝတ်တစ်ခုဖြင့်ပေါင်းထားလိုက်သည်။ရေချိုးခန်းထဲမှထွက်လာလာချင်း အခန်းတစ်ခုလုံးကမီးတွေမှိတ်ထားသည်မို့ စောမျက်မှောင်တချက်ကျုံ့သွား၏။

" မောင် ဘာတွေလုပ်ထားပြန်တာလဲ.....ဟင် "

စားပွဲပေါ်တွင်ပြင်ဆင်ထားသောအပြင်အဆင်တွေကြောင့်
စောအံ့ဩသွားရ၏။ထိုစားပွဲဘေးရှိထိုင်ခုံတွင်ထိုင်နေသောဈာန်သည်စောကိုမြင်တော့ပြုံးပြကာ ထိုင်ရာကနေထလာပြီး စောခေါင်းမှာပေါင်းထားသည့်အဝတ်စကြီးကိုဖြည်ချပစ်သည်။

" စပရိုက် .ဘယ်လိုလဲ အံ့ဩသွားတယ်မလား.. "

စောရဲ့ပါးလေးကို လက်ညှိုးနဲ့လက်ခလယ်သုံးပြီး ခပ်ဖွဖွဆွဲညှစ်ကာမေးတော့ အင်းဆိုကာ နှုတ်ခမ်းလေးစူ၍ပြန်ဖြေသည်။

" အဝတ်အစားလဲနှင့် မောင်ရေချိုးလိုက်အုန်းမယ်. "

စော၏ပါးလေးကိုရွတ်ခနဲမြည်အောင်နမ်းပြီး ရေချိုးခန်းထဲသို့ဝင်သွားလေ၏။စောသည်ဈာန်နမ်းသွားသော နေရာလေးကိုလက်နဲ့ထိရင်း ဈာန်အားပြုံးပြုံးကြီးကြည့်နေလိုက်သည်။ထို့နောက် ဗီရိုထဲ၌မောင်ဝယ်ပြီးထည့်ပေးထားသည့် အင်္ကျီအဖြူရှပ်ကိုထုတ်ယူလိုက်သည်။ထိုအင်္ကျီသည်စောအတွက်အလွန်တရာကြီးနေ၏။ထို့နောက် ဘောင်းဘီသည်လည်းအတော်ကိုတို၏။စောထိုရှပ်အင်္ကျီအဖြူကိုဝတ်လိုက်သောအခါ ဖင်ထိဖုံးပြီး ဘောင်းဘီတိုလေးကိုပါထပ်မံဝတ်ဆင်လိုက်၏။ပြီးနောက် ကုတင်ပေါ်တွင်ထိုင်ကာ မောင်ရေချိုးအပြီးကိုစောင့်နေလိုက်သည်။
ဒီလိုညမျိုးမှာ စောအားဒီအဝတ်အစားဆင်ထားသည်မှာအတွေးရိုးရိုးတော့မဖြစ်နိုင်။မောင်ရဲ့ညစ်ညမ်းတဲ့အတွေးတွေဖြစ်မည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now