Part - 38 ( U )

8.7K 498 3
                                    


ဒီနေ့သည် အိုနေးကနေဒါသို့ပြန်မည့်နေ့ဖြစ်သည်။အဝတ်အစားတွေအကုန်သိမ်းဆည်းပြီးနောက် အိမ်ရှေ့သို့ထွက်လာတော့ ရှိန်းကဧည့်ခန်းမှာ ကော်ဖီသောက်လျက်ထိုင်နေသည်။

"  အစ်ကို ကျွန်တော်သွားတော့မယ်နော်.. "

" လိုက်ပို့ပေးမယ်.."

ရှိန်းသည် စားပွဲပေါ်ကကားသော့ကိုဆွဲကာ အိမ်ရှေ့သို့ခြေလှမ်းကျယ်ကြီးတွေဖြင့်ထွက်သွားလေ၏။တစ်မနက်လုံးတိတ်ဆိတ်နေသောအစ်ကိုသည် မိမိအားလိုက်မပို့တော့ဘူးဟုအိုနေးထင်မိသည်။သို့သော်အိုနေးထင်သလိုမဟုတ်တာမို့ ပျော်ရ၏။

ရှိန်းသည် အိုနေးအားလေဆိပ်အထဲထိလိုက်မပို့ပေးတော့ပဲ လေဆိပ်ရှေ့တင်လိုက်ပို့ပေးလိုက်၏။အိုနေး၏မျက်ဝန်းတို့သည် မိမိအားမျှော်လင့်တကြီးကြည့်နေသည်ကို ရှိန်းရိပ်မိသည်။သို့ပေမဲ့ သူကဘာပြောရမှာလဲ။
လွမ်းနေမှာ။မြန်မြန်ပြန်လာခဲ့လို့လား။အဲလိုပြောရအောင်သူနဲ့မိမိရဲ့ဆက်ဆံရေးကဘာမှရေရေရာရာမဟုတ်။

" ကဲ သေချာဂရုစိုက် အစ်ကိုပြန်ပြီ.. "

ရှိန်းအမြန်ဆုံးကျောခိုင်းကာ လှည့်ပြန်လာတော့မှဖြစ်မည်မို့ လှည့်ပြန်တော့မည့်အပြု အိုနေးသည် ရှိန်း၏လက်ကိုဖမ်းဆွဲထားသည်။

" တကယ်လို့ ကျွန်တော်ပြန်မလာဖြစ်တော့ရင်ရော.. "

ရှိန်းတံထွေးတချက်မြိုချမိသွားသည်။ဟုတ်သည်။သူဒါကိုမေ့နေခဲ့ခြင်း။အိုနေးအဖေသာဆုံးသွားခဲ့ရင် သူ့အဖေရဲ့အလုပ်တွေကိုဦးစီးဖို့အိုနေးကပြန်လာတော့မှာမဟုတ်။သူဘာလုပ်ရမှာလဲ။
ဘယ်လိုပြောပြီး ချုပ်နှောင်လိုက်ရမှာလဲ။

ရှိန်း၏ခေါင်းထဲတွင် အရာရာဟာဗလာနတ္ထိဖြစ်နေလေသည်။ကြံရာမရသည့်အဆုံး မသိစိတ်၏စေခိုင်းချက်အရ လျင်မြန်စွာတုန့်ပြန်လိုက်မိသည်က အိုနေး၏နဖူးပြင်ကိုညင်သာစွာဖိကပ်နမ်းလိုက်မိခြင်းသာ။အိုနေးသည် မျက်လုံးလေးတွေပြူးကျယ်လျက်ဖြင့်ရှိန်းအားမော့ကြည့်လာသည်။

ရှိန်းသည် အရှက်ပြေစေရန်လည်ပင်းကိုလက်နဲ့အကြမ်းကြီးပွတ်တိုက်‌ကာ အိုနေး၏မျက်နှာကိုမကြည့်ပဲ ဘေးသို့မျက်နှာလွှဲရင်းပြောလိုက်၏။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now