Part - 8 ( U )

12.4K 869 6
                                    


ဒီနေ့ မမကလျာတို့က မိဘမဲ့ဂေဟာက ကလေးတွေကို မုန့်သွားကျွေးမှာဆို၍ စောတို့ အစောကြီးထကာ လိုအပ်တွေပြင်ဆင်ရသည်။
မနက်9နာရီလောက်မှာတော့ မိဘမဲ့ဂေဟာဆီကိုထွက်လာခဲ့ကြသည်။စောကကြီးမြတို့နဲ့ မုန့်တွေတင်ထားတဲ့ကားနဲ့လိုက်မည်ပြောတာကို မရ။ဈာန်ကသူ့ကားနဲ့လိုက်ပါပဲပြောနေလို့ သူ့ကားနဲ့လိုက်ခဲ့ရသည်။

" ဟဲ့ ဖြည်းဖြည်းချပါကွယ်... "

မုန့်တွေ ကားပေါ်ကနေ ချနေတာကိုကြီးမြကကြပ်မတ်ပေးနေသည်။စောနဲ့မိငယ်ကတော့ မုန့်တွေကို အထဲသွားပို့ကြပြီး
ကိုကိုမောင်ကတော့ အချိုရည်ဘူးတွေကိုသယ်နေသည်။
မမကလျာနဲ့ကလေးထိန်းကတော့ ရှေ့ကနေ ကလေးတွေအဆောင်ထဲကိုသွားနှင့်ပြီဖြစ်သည်။

" ပေး မောင့်ကိုပေး ထွေး လေးလိမ့်မယ်... "

စောသယ်နေတဲ့ မုန့်ထုပ်တွေကို ဈာန်ကလာယူတော့
ဘေးကမိငယ်က ချောင်းတချက်ဟန့်ပြသည်။
အမှန်ဆို လေးမှမလေးပဲ ဈာန်ကအကဲပိုပြနေတော့
မိငယ်ရွဲ့တာနည်းပါသေးသည်။

". အဟင်း... "
". ဘာအဟင်း ငါထုလိုက်ရ... "

အပြောနဲ့လက်နဲ့ညီသည်။ဈာန်ရဲ့လက်က ချက်ချင်းဆိုသလို
မိငယ်ခေါင်းကိုဝှီးခနဲ ထုပစ်သည်။

" အာ့ အစ်ကိုလေးကလည်း စတာကို... "
". ငါကစ,စရာလားဟမ်... "
". အကဲပိုနေတာကိုလို့... "
". ငါထပ်လုပ်လိုက်ရ.... "

မိငယ်ခမျာ ဈာန့်ထပ်ထုမှာကြောက်၍ အထဲသို့အပြေးဝင်သွားလေသည်။စော ဘေးကနေ သူတို့ကိုကြည့်ပြီး ပြုံးလိုက်မိသည်။

" များများပြုံးပေး အထူးသဖြင့်မောင့်ရှေ့မှာ... "
". အမ် ဟို ထွေးငယ်လည်း သွားတော့မယ်... "

စော ဈာန့်အနားကနေ အမြန်ပြေးထွက်လာခဲ့သည်။
မဟုတ်ရင် လူကအဲနေရာမှာ ခွေလဲကျတော့မည်။ရင်တွေခုန်လွန်း၍လက်တွေပါတုန်နေသည်။သူကတော့စကားကိုပုံမှန်ပြောလိုက်တာပဲ ဒီမှာတော့ ရင်တွေခုန်တာမရပ်တော့ဘူး။
မောင်ကအရမ်းဆိုးတာပဲ။

ကလေးတွေကိုပေါင်မုန့်နဲ့ပဲနို့ဘူးတွေလိုက်ဝေဖြစ်သည်။ကလေးတွေရဲ့အပြုံးကရွှန်းရွှန်းဝေလို့။ကလေးလေးတွေကအပြစ်ကင်းစင်တယ်။မုန့်လိုက်ပေးတဲ့သူတွေကိုကျေးဇူးတင်ဖို့လည်းမမေ့။
မမကလျာရဲ့သမီးလေးကလည်းသူတို့ကိုတွေ့တော့ အရမ်းကိုပျော်နေလေသည်။ကလေးတွေကိုတွေ့ကတည်းကရယ်နေတာအခုထိကိုမရပ်တော့။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now