" ထွေးငယ်... "စောသူရဲ့ပုခုံးစွန်းနှစ်ဖက်ကို ကိုင်ကာ ခေါ်လိုက်သူကြောင့် ခန္ဓာကိုယ်လေးတချက်တုန်သွားရသည်။ကြီးမြကတော့ ထိုလူကိုမျက်စောင်းဒိုင်းခနဲ။
" မင်းဘာလာလုပ်တာလဲ... "
ခါတိုင်းဧည့်သည့်တွေဆို အမြဲဖော်ရွေတတ်တဲ့ကြီးမြက
အခုမာထန်နေသည်။မျက်နှာထားကိုလည်းတင်ထားပြီး
လက်ထဲကကိုင်ထားတဲယောင်းမနဲ့ တရွယ်ရွယ်ဖြင့်။" ကြီးမြကလည်း မမကလျာက ထွေးငယ်ကိုအခန်းလိုက်ပြခိုင်းဆိုလို့ပါ ကျွန်တော်နားရမဲ့အခန်းမသိလို့ပါ .. "
" အေးလာ ငါလိုက်ပြမယ်... "
". ကြီးမြကလည်း အမြင့်ကြီးညောင်းနေပါ့မယ်
ထွေးငယ်လိုက်ပို့ပါလိမ့်မယ်... "
". ဟုတ်ပါတယ် ကြီးမြ ထွေးငယ်ပဲလိုက်ပို့လိုက်ပါ့မယ်... "ကြီးမြဘာလို့ မိမိကိုလိုက်မပို့ခိုင်းတာလဲမသိပေမဲ့အပေါ်ဆုံးထပ်အထိတက်ရမှာ ကြီးမြကိုအားနာတာမို့ စောသာလိုက်ပို့လိုက်တော့သည်။ပြီးတော ကြီးမြမှာလိုက်တာက အခန်းပြပြီးမြန်မြန်ဆင်းခဲ့တဲ့လေ။
မမကလျာက ထိုလူနဲ့သူအမေကို ဈာန်အခန်းနဲ့ကပ်ရပ်နှစ်ခန်းမှာ နေခိုင်းထားသည်။လှေကားထစ်တွေကိုတက်ရင်း ထိုလူကစောကိုမထိတထိလာလာစသည်။စောမသိချင်ယောင်ကာ ရှောင်နေလိုက်သည်။သူ့မျက်နှာထက်ကအပြုံးကြီးကလည်း လူယုတ်မာပြုံးကြီးလိုမို့ စောကြက်သီးပါထသွားရသည်။
" ဒီအခန်းပါရှင့်.... "
စောသူနေရမဲ့အခန်းရှေ့ရောက်တော့ သော့ကိုသူ့လက်ထဲထည့်ပေးလိုက်သည်။စောလက်ထဲကသော့ကိုအသာတကြည်မယူပဲစောလက်ကိုထိဖြစ်အောင်ထိလိုက်သေးသည်။
" အဲဒါဆို ခွင့်ပြုပါအုန်းရှင့်.. "
". ဟေး နေပါအုန်း... "လှည့်ထွက်မဲ့ကြံတော့ မိမိလက်ကိုလာဆွဲထားသူကြောင့် စောသက်ပြင်းတချက်ချလိုက်ရင်း....
". ဟုတ်ကဲ့ ဘာလိုသေးလို့လဲ... "
". အခန်းထဲလိုက်ပြီး အိပ်ရာခင်းတွေပြင်ပေးတာတို့၊ပြတင်းပေါက်ဖွင့်ပေးတာတို့လုပ်ပေးအုန်းလေ တန်ရာတန်ကြေးပေးမှာပါကွ ... "
YOU ARE READING
မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]
Romance" ကောင်းကင်နဲ့မြေကြီး အဆုံးမရှိသလို မောင့်အချစ်တွေကလည်း အဆုံးမရှိဘူး... " ဈာန်ဒီပါမောင်+စောပန်းချီ ( M - preg ) [ Started date>>>> 3.5.2022 Ended date>>>> 11.7.2022 ]