ထရံပေါက်တွေကြားမှတိုးဝင်လာသည့်နေရောင်ခြည်တပိုင်းတစ်စကဈာန်ရဲ့မျက်နှာပေါ်ကိုကျရောက်လာသည်မို့ဈာန်ဆက်အိပ်မရတော့ပေ။ကျိန်းစပ်နေသည့်မျက်လုံးအစုံကိုဖြည်းညှင်းစွာဖွင့်ပြီး ထထိုင်လိုက်သည်။ဘေးဘက်ကိုခေါင်းငဲ့ကြည့်လိုက်တော့စောကရှိမနေတော့။ဈာန်အခန်းထဲကနေထွက်လာပြီးစောကိုလိုက်ရှာလိုက်သည်။တစ်အိမ်လုံးအနှံ့ရှာပြီးတာတောင်မတွေ့သေးပေ။အိမ်ရှေ့ကအဖျည်လေးထဲမှာ ထိုင်ကာပဌာန်းရွတ်နေသည့်စောအမေအားတွေ့တော့အပြေးလေးသွားကာမေးမြန်းမိ၏။
" အမေ စောရောဟင်... "
". ဪ သားစောကမထွေးအိမ်သွားတယ် ခဏနေရင်ပြန်လာတော့မှာမကြာဘူး သားမျက်နှာသစ်ပြီး ထမင်းစားတော့လေ... "
". ဟုတ်.. "စောအမေ့အား ခေါင်းညိမ့်ပြလိုက်ပြီး ရေဖြည့်ထားသည့်စဉ်အိုးလေးနားထိုင်ချကာ မျက်နှာသစ်လိုက်သည်။စျာန်ကမျက်နှာသစ်ရင်းအိမ်ရှေ့ကိုတမျှော်မျှော်လုပ်နေတာကိုစောအမေမြင်တော့...
". မကြာပါဘူးသားရဲ့ ပြန်လာတော့မှာပါ.. "
". ဟုတ်.. "ဈာန်ရယ်ကျဲကျဲမျက်နှာထားနဲ့စောအမေအားပြန်ပြုံးလိုက်သည်။သို့သော်လည်း စောပြန်မရောက်လာသေးတော့စိတ်ကမကြည်သေးပေ။မျက်နှာသစ်ပြီးတော့ ထမင်းစားဝိုင်းမှာ ငူငူကြီးထိုင်နေလိုက်သည်။စားပွဲပေါ်ကိုမေးထောက်ပြီး အိမ်ရှေ့ကိုလှမ်းကာမျှော်လိုက်တော့ အိတ်လေးကိုဆွဲကာ အိမ်ထဲသို့ဝင်လာသောစောကြောင့် ရင်ထဲကအလုံးကြီးကျသွားရတော့သည်။
". စော... "
ဈာန်လှမ်းခေါ်လိုက်တော့ စောကခဏဆိုကာ ခေါင်းတချက်ငြိမ့်ပြပြီးသူ့အမေနဲ့စကားပြောနေသည်။ပြီးမှ အိမ်ပေါ်တက်လာပြီး ဈာန့်အနားလေးကပ်ကာလာထိုင်သည်။
" ထမင်းမစားသေးဘူးလား.. "
". စောမျက်နှာလေးမတွေ့ရသေးတော့ နေ့တစ်နေ့ကအဓိပ္ပာယ်မရှိသေးသလိုပဲ၊စားချင်သောက်ချင်စိတ်လည်းမရှိဘူးဘာမှကိုလုပ်ချင်စိတ်မရှိဘူး... "ဈာန်က ထိုသို့ပြောပြီး စောရဲ့အင်္ကျီစလေးကိုဆွဲကာ သူရှေ့တိုးဖို့ခေါ်သည်။ဈာန်ဆွဲလိုက်သည့်အရှိန်နဲ့အင်္ကျီက ရင်ဘတ်ကိုပွတ်ဆွဲသွားတာမို့ ညကဈာန်ကိုက်ထားသည်အရှိန်နဲ့စပ်ဖျဉ်းဖျဉ်းကြီးဖြစ်သွားရသည်။စောရင်ဘတ်ကိုဖိကာမျက်နှာတချက်ရှုံ့လိုက်မိ၏။
YOU ARE READING
မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]
Romance" ကောင်းကင်နဲ့မြေကြီး အဆုံးမရှိသလို မောင့်အချစ်တွေကလည်း အဆုံးမရှိဘူး... " ဈာန်ဒီပါမောင်+စောပန်းချီ ( M - preg ) [ Started date>>>> 3.5.2022 Ended date>>>> 11.7.2022 ]