Part - 29 ( U )

8.5K 538 7
                                    


တစ်ပတ်ပြည့်သည့်အချိန်မှာ ဈာန် ဆေးရုံကဆင်းလာပြီဖြစ်သည်။မမကလျာသည်သူ့‌မောင်ကိုသူကိုယ်တိုင်လာကြိုပေးသည်။ဈာန်အိမ်ထဲဝင်လာသည်နဲ့ကြီးမြကစီးကြိုကာ ပြေးဖက်လာသည်။

ငယ်ငယ်ကတည်းကစောင့်ရှောက်ပေးခဲ့ရသည့်ကလေးတွေမို့ မိမိိိသွေးသားရင်းပမာချစ်ခင်မိသည်။ဈာန်သည်ကြီးမြအားပြန်လည်ဖက်တွယ်လိုက်သည်။

"  ပိန်သွားလိုက်တာ အစားများများစားပေးနော်.. "

". မလိုပါဘူး ကျွန်တော့်မှာစောရှိနေပြီလေ... "

". အမယ်လေးဟယ် ပိုလိုက်တာ အတွဲတွေသိပ်ပိုတာပဲဟယ်. "

မီးဖိုခန်းထဲရှိရေခဲသေတ္တာဆီမှ ရေခဲရေဘူးကိုထုတ်ရင်းမမကလျာကလှမ်းအော်သည်။ဈာန် အားရပါးရရယ်လိုက်ပြီး ဘာဖြစ်လဲဆိုသည့်အထာနဲ့သူ့အမအားမျက်ခုံးတချက်ပင့်ပြလိုက်သည်။

" စော မောင်နားချင်ပြီ.. "

". မိငယ်လိုက်ပို့ပေးရမလားအကိုလေး.. "

" တိတ်စမ်း နင်ကစောလားငါကစောကိုပြောတာ.. "

ကြီးမြတို့၊မမကလျာတို့၊မိငယ်တို့ရဲ့ရယ်သံတွေဟာ အိမ်တစ်အိမ်လုံးပြန့်နှံ့သွားသည်။ဈာန်သည်သူ့အားလှောင်နေကြသောကြီးမြတို့အားမျက်ကွယ်ပြုရင်း စောနဲ့အတူအပေါ်ထပ်သို့တက်လာခဲ့သည်။

" ဟူး အခုမှပဲစိတ်သက်သာတော့တယ်.. "

သူ့၏တထောင်ကျော်ဆိုဖာပေါ်ကိုခြေပစ်လက်ပစ်ဝင်လှဲရင်းအားရဝမ်းသာစွာပြောလေသည်။

" ‌ဘာဖြစ်နေလို့တုန်း ဆေးရုံက.. "

". ဆေးအနံ့ကြီးကိုမကြိုက်ဘူး စောရဲ့ကိုယ်သင်းရနံ့လေးကိုပဲကြိုက်တာ.. "

". ဟာ မောင် ဘယ်လိုဖြစ်နေတာလဲ မဟုတ်သေးပါဘူး မနက်ဖြန်ကျခေါင်းကိုသေချာစစ်ပေးဖို့ဆရာဝန်ကြီးကိုပြောရမယ် .. "

". မောင့်ကိုဂေါက်သွားတာလို့ပြောချင်တာလား.. "

". မဟုတ်လို့လား စကားတွေကိုဘယ်လိုပြောနေမှန်းကိုမသိတာ.."

စောစကားကြောင့် ဈာန်သည်နှစ်ခြိုက်စွာပြုံးလိုက်သည်။ထို့နောက် ကြင်သူလေးကအားထပ်၍ချစ်စကားဆိုလိုက်မိသည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now