Part - 6 ( U )

12.7K 929 0
                                    

Unicode

စော ညကအခန်းတံခါးကိုမှီပြီးအိပ်ထားတဲ့အရှိန်နဲ့ခန္ဓာကိုယ်
တစ်ခုလုံးကကိုက်ခဲနေသည်။အပြင်မှာစောင်မပါပဲအိပ်ထားသည်မို့ အအေးပက်သွားဟန်တူသည်။ခေါင်းတွေကလည်း တဆစ်ဆစ်နဲ့အတော်ကိုထိုးကိုက်နေသည်။

အိပ်ရာနိုးနိုးချင်း ဈာန့်အခန်းထဲဝင်ပြီးကြည့်လိုက်တော့ တစ်ယောက်မှရှိမနေ။မနေ့ကညနေတုန်းကစောပြင်ပေးထားသည့်အတိုင်းပေ။စောသက်ပြင်းရှည်ကြီးကိုချလိုက်ပြီး အခန်းပြန်ကာမျက်နှာသစ်ပြီး အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

".  ကြီးမြဘာချက်နေတာလဲ.. "
". မမလေးက သူ့မောင်အတွက်ထမင်းချိုင့်သွားပေးမလို့တဲ့လေ..အဲဒါပုစွန်ဆီပြန်ချက်ပေးနေတာ... "
". ဪ.. "

စော ဪဟုသံရှည်ဆွဲပြောလိုက်ပြီး ဘေးကနေကြီးမြ
လိုအပ်တာကူပေးလိုက်သည်။

" ကြီးမြခေါင်းကိုက်ပျောက်ဆေးရှိလား... "
". ထွေးငယ်ခေါင်းကိုက်လို့လား... "
". ဟုတ်... "
" အယ်ဆေးကကုန်နေတယ်ထင်တယ် မမလေးအပြင်သွားရင်မှာလိုက်မယ်.. "
". မရှိရင်လည်း နေပါစေတော့ ရပါတယ်... "
". အင်းပါထွေးငယ်ရယ် ဪ သားရှိန်းကိုလှမ်းမှာပေးမယ်... "
". ဟင် ကြီးမြနဲ့ရှိန်းကသိတယ်လား... "
". သိပါ့သိပါ့ နေအုန်းဖုန်းလှမ်းဆက်ပြီးမှာပေးမယ်... "

ဖုန်းဆက်ပေးမယ်ဆိုကာ ဧည့်ခန်းကကြိုးဖုန်းနဲ့ရှိန်းဆီကို
ဖုန်းဆက်ပြီး ဆေးဝယ်ပြီးလာ‌ပို့ရန်မှာသည်။
အားတော့နာမိသား။အလုပ်သမားတစ်ယောက်အတွက်
သူဌေးသားကဆေးဝယ်ပြီးလာပို့ရတယ်တဲ့။
ငါကိုယ့်အဆင့်အတန်းကိုမေ့ပြီးများ နေမိ‌နေပြီလား။

" ထွေးငယ် ပြန်အိပ်နေချည်သွားခဏနေကြီးမြဆန်ပြုတ်လာ‌ပို့ပေးမယ်... "
". ရပါတယ်ကြီးမြရယ် ကိစ္စမရှိပါဘူး... "
". ကဲပါ သွားစမ်းပါ နားချည်သွား.. "

ကြီးမြက မီးဖိုခန်းထဲကနေအတင်း‌နှင်ထုတ်နေတာမို့
စောသူ့အခန်းကိုသူသာ ပြန်လာခဲ့တော့သည်။
ရင်ဘတ်ထဲမှာ တခုခုတင်းစို့နေသလိုမျိုး၊ငိုချင်ပေမဲ့ဘာကိုခေါင်းစဉ်တပ်ပြီးငိုရမှာလဲ။ဒီခံစားချက်ကြီးကဘယ်လိုမျိုးကြီးလဲ။
အဖြေမသိတဲ့မေးခွန်းပေါင်းများစွာကို စောစဉ်းစားရင်း
ထပ်အိပ်ပျော်သွားတော့သည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now