Part - 31 ( U )

7.8K 475 0
                                    


လေယာဉ်ကွင်းထဲတွင် လူတွေအများအပြားရှိ၏။ရှိန်းသည်သူ၏ luggageအိတ်လေအားဆွဲပြီး လေယာဥ်အတွင်းသို့စမတ်ကျကျဝင်လာသည်။ပုစွန်ဆီရောင်သန်းနေသည့် ကောင်းကင်ပြင်ဟာအဆုံးစွန်အထိလှပနေလေသည်။နေမင်းကြီးသည်လည်းအနောက်အရပ်ဆီသို့ကွယ်လျှိုးပုန်းတော့မည်။

စောနဲ့ဈာန်တို့သည် ရှိန်းအားလေယာဉ်ကွင်းအဝထိသာလိုက်ပို့ကာပြန်သွားလေပြီ။သူတို့ကအထဲထိလိုက်ပို့မည်ပြောသော်လည်း ရှိန်းကလက်မခံတာမို့ ပြန်သွားခြင်းသာ။

ရှိန်းသွားမည့်လေယာဉ်ကမထွက်သေးတာမို့ ရှိန်း ခုံတစ်ခုံမှာဝင်ထိုင်ကာ စောင့်နေလိုက်သည်။မိနစ်ပိုင်းမျှစောင့်အပြီးမှာတော့ လေယာဉ်ထွက်ချိန်နီးပြီဖြစ်ကာ ထိုင်ရာကနေထလိုက်ပြီး မေမေရှိရာကနေဒါဆီသွားရန် ခရီးနှင်လိုက်တော့သည်။

ရှိန်းသည် ခုံလက်မှတ်နှစ်ခုဖြတ်ထားတာဖြစ်သည်။အခြားတစ်ယောက်နဲ့ဆိုရင် နေရတာစိတ်ကျဉ်းကျပ်တာမို့ တစ်ယောက်ထဲသီးသန့်ထိုင်ရန်ဖြစ်သည်။ထို့နောက် လေယာဉ်မှန်မှတဆင့်အပြင်သို့တချက်လှမ်းကြည့်လိုက်ပြီး ခုံကိုမှီကာ မျက်လုံးတို့ကိုမှိတ်လိုက်တော့သည်။

" ဒီမှာ ဒီမှာ ဒီခုံမှာထိုင်လို့ရမလားဟင်.. "

မတိုးလွန်းမကျယ်လွန်းသည့်အသံနဲ့တစ်စုံတစ်ယောက်ရဲ့စကားသံကိုရှိန်းကြားလိုက်ရသည်။ဘယ်သူ့ကိုပြောမှန်းမသိတာမို့ မျက်လုံးဖွင့်မကြည့်ပဲ အသာနားစွင့်နေလိုက်သည်။

" ဒီမှာ အမလေးဗျာ ခဏလေးပဲရှိသေးတာကိုအိပ်သွားပြီလား.. "

ထိုအခါမှ ရှိန်းမျက်လုံးဖွင့်ကြည့်လိုက်သည်။ရှပ်အဖြူနဲ့စတိုင်ပန်အနက်ကိုတွဲဝတ်ထားသည့်ကောင်လေးတစ်ယောက်ဖြစ်နေလေသည်။ပါဝါမျက်မှန်အဝိုင်းတစ်ခုကိုတပ်ထားကာ စူးရှသည့်မျက်လုံးတို့ကိုပိုင်ဆိုင်ထားသည်။ရွှေဝါရောင်ဆံပင်တွေကိုပြီးစလွယ်စည်းနှောင်ထားတာမို့ ကပိုကရိုဖြစ်နေသည်။ထူးခြားသည်ကမျက်လုံးအရောင်မှာအပြာရောင်ဖြစ်နေသည်။မြန်မာလူမျိုးတွေဆီမှာ မျက်ဝန်းညိုတွေသာအများဆုံးတွေ့ရသည်မို့ ထို့သို့မျက်ဝန်းပြာလေးအား ရှိန်းအတော်ကြာငေးကြည့်မိသွားသည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now