Part - 25 ( U )

9K 641 15
                                    


နိုင်ကမ္ဘာ‌ကားကိုမြို့အစွန်းကအိမ်အပျက်တစ်လုံးဆီမောင်းနှင်လာခဲ့သည်။ကားနောက်ခန်းထဲက စောပန်းချီကတော့ လက်နှစ်ဖက်ကိုနောက်ပြန်ချည်နှောင်ခံထားရပြီး၊ပါးစပ်ကိုလည်းအဝတ်စဖြင့်ပိတ်ဆို့ခံထားရသည်။နိုင်ကမ္ဘာစောကိုကြည့်ပြီး ကျေနပ်စွာပြုံးလိုက်သည်။

" ဈာန်ဒီပါမောင် မင်းဘယ်လောက်ဆတ်ဆတ်ခါသွားမလဲသိချင်လိုက်တာ..ငါပြောခဲ့သားပဲ ငါ့ကိုလာမစနဲ့လို့မင်းသာငါ့ကိုရှယ်ယာတွေအသာတကြည်ထုတ်ပေးလိုက်ရင်ဒီပြသာနာတွေဖြစ်လာစရာအကြောင်းမရှိဘူး..  ဟားဟား.. "

နိုင်ကမ္ဘာအသံနက်ကြီးနဲ့အားရပါးရအော်ရယ်ပစ်လိုက်သည်။
အခုရက်ပိုင်းသူ့ကလပ်ရဲ့ဝင်ငွေကလည်းသိသိသာသာဆင်းကျလာသည်။အမေကလည်းပိုက်ဆံထုတ်မပေးသည့်အပြင်အဖေကလည်းအရေးတောင်မလုပ်ပေ။ဝင်ငွေပြတ်ပြီဆိုတာနဲ့လူကအရူးတပိုင်းပေ။သောက်သုံးနေကျဆေးလေးကိုမရှူရှိုက်ရတော့ စိတ်ထဲမှာနေမထိထိုင်မသာဖြစ်နေလေပြီ။ဒါကြောင့်ဈာန်ဒီပါရဲ့အားနည်းချက်ကိုချုပ်ကိုင်ပြီးရှယ်ယာတွေထုတ်ပေးဖို့အကျပ်ကိုင်ရတော့မည်။

နိုင်ကမ္ဘာရဲ့ကားထဲမှာသူ့လက်ထောက်တွေတစ်ယောက်မှမပါပေ။နောက်ကနေမှကားတစ်စီးသက်သက်ဖြင့်လိုက်လာတာဖြစ်သည်။အိမ်ပျက်ကြီးဆီရောက်တာနဲ့ နောက်ခန်းကစောကိုပွေ့ချီလိုက်ပြီး အိမ်ပျက်ထဲကအခန်းတစ်ခန်းဆီခေါ်ဆောင်လာခဲ့သည်။
စောပန်းချီကအခုထိမေ့မျောနေဆဲပင်။

အခင်းမရှိတဲ့အပြင်ဖုန်တွေအလိမ့်လိမ့်ကပ်နေသည့်ကုတင်ပေါ်ကိုစောအားပစ်ချလိုက်သည်။ပြီး‌နောက်ထိုအခန်းထဲမှထွက်လာပြီး ဈာန့်ဆီဖုန်းဆက်ဖို့ပြင်လိုက်လေသည်။

ပစ်ချခံလိုက်ရသည့်အရှိန်ကြောင့် စောအနည်းငယ်လှုပ်ရှားလာပြီဖြစ်သည်။မျက်တောင်တွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ တစ်ခါမှမရောက်ဖူးသည့်နေရာဖြစ်နေသည်။လက်တွေ၊ခြေထောက်တွေကိုလှုပ်ကြည့်တော့လည်းကြိုးနဲ့ချည်ခံထားရတာမို့ လှုပ်၍မရပေ။ထို့ပြင်ပါးစပ်ထဲမှာပါအဝတ်စရောက်နေသည့်မို့ အော်လို့လည်းမရပေ။
နောက်ဆုံးစောမျက်ရည်စတွေစီးကျလာလေသည်။ကူကယ်ရာမရှိတဲ့အချိန်မှာ မောင့်ကိုသာတမ်းတမိသည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now