Part - 10 ( U )

12.1K 873 1
                                    


ဈာန် ထွေးငယ်ကြမ်းတိုက်တာကို လက်ပိုက်လျက်သားနဲ့‌ကြည့်နေသည်။ဟိုနေ့ကတည်းကထွေးကသူနဲ့မျက်နှာချင်းပင်မဆိုင်ပေ။
အမြဲရှောင်ထွက်နေပြီး သူ့အလုပ်တွေကိုလည်း အခြားလူကိုခိုင်းထားလေသည်။မမကလျာသမီးကိုသွားပြန်ထိန်းပေးနေပြီး အခုကလေးအိပ်တဲ့အချိန် တစ်အိမ်လုံးကကြမ်းပြင်ကိုလိုက်တိုက်ပေးနေသည်။မိငယ်က‌ခါးကိုက်နေသည်မို့တဲ့လေ။
ဈာန်လည်း ထွေးကိုဘာမှမပြောတော့ပဲ သူ့သဘောဆိုပြီး လွှတ်ပေးထားလိုက်သည်။
ဈာန်ကသူ့ကိုစိုက်ကြည့်နေတာ ကြာပြီမို့ စောအနေရခက်လာကာ
ဈာန်ကိုမော့ကြည့်လိုက်သည်။သူ့ကိုမျက်နှာထားတည်တည်ကြီးနဲ့မျက်တောင်မခတ်ကြည့်နေတာမို့ စောထိုနေရာမှ ထလိုက်ပြီး အခြားနေရာကိုထွက်လာခဲ့သည်။အခြားနေရာပြောင်းပြီးကြမ်းတိုက်မယ်ကြံတော့ သူရှေ့တည့်တည့်မှာရောက်လာပြန်သော ဈာန်။စောသက်ပြင်းအရှည်ကြီးချလိုက်ပြီး...

".  ကြမ်းတိုက်နေတာမို့ ဟိုဖက်သွားပေးပါ အစ်ကိုလေး... "
". ....  "

သူ့ကိုဘာမှပြန်မပြောပဲ သူ့ဆီကိုဖြေးဖြေးချင်းလာနေသောဈာန်ကြောင့် စောလက်သီးလေးဆုပ်လိုက်မိသည်။ထို့နောက် ထင်မှတ်မထားတဲ့ဈာန်လုပ်ရပ်ကြောင့် ဖွဖွလေးဆုပ်ထားတဲ့လက်သီးကို တင်းတင်းပါအောင် ဆုပ်လိုက်မိတော့သည်။

ဈာန် ထွေးရဲ့ခါးလေးကိုဆွဲဖက်လိုက်ပြီး လည်ပင်းကြားမျက်နှာအပ်ကာ လည်ပင်းသားလေးကိုအသာနမ်းလို့ ပုခုံးပေါ်
မေးတင်ထားလိုက်သည်။အသက်ရှူလိုက်တိုင်း နားထင်စပ်ကိုရိုက်ခတ်သွားတဲ့ လေတွေကြောင့် စောရင်ဟာတလှပ်လှပ်ခုန်နေခဲ့ပြန်တယ်။စောနည်းတူဈာန်မှာလဲ ဒီခန္ဓာကိုယ်သေးသေးကို အမြတ်တနိုးဖယ်တွယ်ထားရင်း သူ့ကိုယ်ရနံ့‌လေးကို နမ်းနေမိသည်။

" ဟယ် အစ်ကိုလေး... "

မိငယ်ကအပေါ်ထပ်တက်လာရင်း ထွေးငယ်တို့ကိုတွေ့သွားတော့ အလန့်တကြားနဲ့ထအော်သည်။စောဈာန့်ကိုတွန်းထုတ်သော်လည်းဈာန်ကမဖယ်ပေးပေ။စောရှက်လွန်း၍ ဈာန်ပုခုံးမှာမျက်နှာအပ်လိုက်ရတော့သည်။

‌မိငယ်ကတော့ ပါးစပ်ကိုလက်နဲ့ပိတ်ပြီး ပြူးတူးပြဲတဲလေးနဲ့ အောက်ထပ်ကိုပြန်ဆင်းလာခဲ့သည်။ပြီးတော့ ကြီးမြဆီအပြေးသွားပြီး...

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now